马宁

၂၄ကြိမ်မြောက် အာဆီယံနှင့် တရုတ်၊ ဂျပန်၊ တောင်ကိုးရီးယား ထိပ်သီးခေါင်းဆောင်များ အစည်းအဝေးသို့ လီခေ့ချန်တက်ရောက်

(GMT+08:00)2021-10-28 14:41:24  

  တရုတ်နိုင်ငံတော်ကောင်စီဝန်ကြီးချုပ် လီခေ့ချန်သည် ယမန်နေ့ ၂၇ ရက်နေ့က ပီကင်း ပြည်သူ့ခန်းမဆောင်၌ ၂၄ကြိမ်မြောက် အာဆီယံနှင့် တရုတ်၊ ဂျပန်၊ တောင်ကိုးရီးယား ထိပ်သီးခေါင်းဆောင်များ အစည်းအဝေးသို့ တက်ရောက်ခဲ့ပါသည်။ ဘရူနိုင်းဘုရင် ဟာဆန်နာလ်က အစည်းအဝေးကို ကြီးမှူးကျင်းပပြီး အာဆီယံနိုင်ငံများမှ ခေါင်းဆောင်များ၊ တောင်ကိုရီးယားသမ္မတ မွန်ဂျေအင်၊ ဂျပန်ဝန်ကြီးချုပ် ဖူမီအို ကီရှီဒါ တို့ တက်ရောက်ခဲ့ကြကြောင်း၊ အစည်းအဝေးကို ဗီဒီယို ပုံစံဖြင့် ကျင်းပခြင်း ဖြစ်ကြောင်း China Media Groupမှ သတင်းအရ သိရပါသည်။

  အစည်းအဝေးတွင် မိန့်ခွန်းပြောကြားရာ၌ လီခေ့ချန်က အဆိုပြုချက် ၆ ရပ်ကို တင်ပြခဲ့ ပါသည်။ ယင်းသည် အများပြည်သူ ကျန်းမာရေးဆိုင်ရာ စီမံခန့်ခွဲမှု ပိုမို ပြည့်စုံအောင် ဆောင်ရွက်ရန်၊ ဒေသတွင်း စီးပွားရေး တပြေးညီဖြစ်စေရေးကို နက်ရှိုင်းစေရန်၊ အရှေ့အာရှ ကုန်ထုတ်လုပ်မှုပူးပေါင်းဆောင်ရွက်ရေးကို အားဖြည့်ပြုလုပ်ရန်၊ အရှေ့အာရှ ဒီဂျစ်တယ်စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးကို တွန်းအားပေးရန်၊ ဘဏ္ဍာရေးနှင့် ငွေရေးကြေးရေး ပူးပေါင်းဆောင်ရွက်မှုကို ရှင်သန်စေရန်နှင့် ဆက်တိုက် ဖွံ့ဖြိုးတိုးတက်မှုကို အားသစ်လောင်းပေးရန်တို့ ဖြစ်ပါသည်။

  တရုတ်ပြည်အနေနှင့် ဘက်အသီးသီးတို့နှင့်အတူ ဒေသတွင်း တည်ငြိမ်မှုကို ထိန်းသိမ်းကာကွယ်ပြီး ကမ္ဘာ့အေးချမ်းမှုကို တွန်းအားပေးကာ ဒေသတွင်း စီးပွားရေး နာလန်ပြန်ထူလာမှုကို အားသစ်လောင်းပေး၍ အာဆီယံနှင့် အရှေ့အာရှနိုင်ငံများကို အားကောင်းသော ကမ္ဘာ့စီးပွားရေးဖွံ့ဖြိုးရေးအုပ်စုဖြစ်စေရန် ဆန္ဒရှိကြောင်း လီခေ့ချန်က ဖော်ပြပါသည်။