马宁

၂၄ကြိမ်မြောက် တရုတ်-အာဆီယံ ထိပ်သီးခေါင်းဆောင်များအစည်းအဝေးကို လီခေ့ချန် တက်ရောက်

(GMT+08:00)2021-10-27 11:36:24  

  အောက်တိုဘာလ ၂၆ ရက်နေ့ ညနေပိုင်းက တရုတ်နိုင်ငံတော်ကောင်စီဝန်ကြီးချုပ် လီခေ့ချန်သည် ဗီဒီယိုနည်းလမ်းဖြင့် ၂၄ကြိမ်မြောက် တရုတ်-အာဆီယံ ထိပ်သီး ခေါင်းဆောင်များ အစည်းအဝေးသို့ တက်ရောက်ခဲ့ပါသည်။ လီခေ့ချန်နှင့် အာဆီယံအဖွဲ့ အလှည့်ကျ သဘာပတိနိုင်ငံ ဘရူနိုင်းနိုင်ငံ ဘုရင် ဟာဆန်နာလ်တို့သည် အစည်းအဝေးကို ပူးတွဲကြီးမှူး ကျင်းပပြီး ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်္ကာပူ၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့မှ ခေါင်းဆောင်များ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

  လီခေ့ချန်က လာမယ့်အဆင့်ကာလတွင် တရုတ်-အာဆီယံ ပူးပေါင်းဆောင်ရွက်မှုနှင့် ပတ်သက်၍ အဆိုပြုချက် ၆ ရပ်ကို တင်ပြခဲ့ပါသည်။ ယင်းသည် ကျန်းမာရေး ကာကွယ်မှု စနစ်ကို အတူတည်ဆောက်ခြင်း၊ စီးပွားရေး ရောနှောပေါင်းစပ်မှု နက်ရှိုင်းစေခြင်း၊ သက်ညှာထောက်ထားမှုရှိသော ဖွံ့ဖြိုးတိုးတက်မှု တွန်းအားပေးခြင်း၊ ဆန်းသစ်တီထွင်မှုဖြင့် တွန်းအားပေးရေးကို စွဲကိုင်ခြင်း၊ ဆက်တိုက်ဖွံ့ဖြိုးနိုင်သည့် ပူးပေါင်းဆောင်ရွက်မှုကို အားဖြည့်ပြုလုပ်ခြင်းနှင့်  ပြည်သူ့ဆန္ဒ အခြေခံအုတ်မြစ် ခိုင်မာအောင် တည်ဆောက်ခြင်းတို့  ဖြစ်ပါသည်။

  အစည်းအဝေးသို့ တက်ရောက်ကြသည့် ခေါင်းဆောင်တို့သည် အာဆီယံနိုင်ငံများ အနေနှင့် တရုတ်ပြည်နှင့်အတူ တောင်ပင်လယ်၌ ဘက်အသီးသီးတို့၏ ဆောင်ရွက်မှု ဆိုင်ရာ ကြေညာစာတမ်းကို ဘက်စုံ ထိရောက်စွာ အကောင်အထည်ဖော်ဆောင်ပြီး ထိရောက်မှုနှင့် အနှစ်သာရရှိသာ တောင်ပင်လယ်ဆောင်ရွက်မှုမူကို အမြန်ဆုံးရရှိရန် ကြိုးပမ်းဆောင်ရွက်လိုကြောင်း၊ RCEP သဘောတူစာချုပ်ကို အမြန်ဆုံး အာဏာတည်စေရန်နှင့် တရုတ်-အာဆီယံ ဆွေးနွေးရေးဆက်ဆံမှုထားရှိသည့် နှစ် ၃၀ ပြည့်မြောက်ခြင်း အထိမ်းအမှတ် ထိပ်သီးများ အစည်းအဝေးကို တရုတ်ပြည်နှင့် အတူ ကျင်းပရန် မျှော်လင့်ကြောင်း အသီးသီးဖော်ပြကြပါသည်။