邹立莹

တရုတ်-အာဆီယံ မြစိမ်းရောင်နှင့် ဆက်တိုက်ဖွံ့ဖြိုးရေးထိပ်သီးဖိုရမ်ကို နန်နင်းမြို့တွင် ကျင်းပမည်

(GMT+08:00)2021-10-22 13:12:04  

 ၂၀၂၁ ခုနှစ်သည် တရုတ်နှင့် အာဆီယံ ဆွေးနွေးရေး ဆက်ဆံမှု ထားရှိခဲ့သည့် နှစ် ၃၀ပြည့်မြောက်နှစ်ဖြစ်သည့်အပြင် တရုတ်-အာဆီယံ ဆက်တိုက် ဖွံ့ဖြိုးရေး ပူးပေါင်းဆောင်ရွက်မှုနှစ်လည်း ဖြစ်ပါသည်။ အောက်တိုဘာလ ၂၁ ရက်နေ့က ကွမ်ရှီးကျွမ့်လူမျိုး ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသ ဂေဟစနစ် ပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေးရုံးမှ သတင်းအရ တရုတ်-အာဆီယံ ဆက်တိုက်ဖွံ့ဖြိုးရေး ပူးပေါင်းဆောင်ရွက်မှုနှစ် ဆိုင်ရာ လှုပ်ရှားမှုများထဲတွင် တစ်ခု အပါအဝင် ဖြစ်သော  တရုတ်-အာဆီယံ မြစိမ်းရောင်နှင့် ဆက်တိုက်ဖွံ့ဖြိုးရေး ထိပ်သီးဖိုရမ်၊ ၂၀၂၁ ခုနှစ် တရုတ်-အာဆီယံ ပတ်ဝန်းကျင်ပူးပေါင်းဆောင်ရွက်ရေးဖိုရမ်ကို အောက်တိုဘာလ ၂၄ ရက်နေ့မှ ၂၆ရက်နေ့ အထိ နန်နင်းမြို့တွင် online နှင့် offline ပုံစံမျိုးဖြင့် ကျင်းပမည်ဖြစ်ကြောင်း၊ ယခုအကြိမ် ဖိုရမ်၏ ဆောင်ပုဒ်သည် လူသားနှင့် သဘာဝသက်ရှိ သတ္တဝါများ အသိုက်အဝန်းကို အတူတည်ဆောက်ပြီး မြစိမ်းရောင်ဖွံ့ဖြိုးတိုးတက်ရေး လမ်းကြောင်းသစ်ကို တည်ဆောက်ခြင်း ဖြစ်ကြောင်း China Media Group မှ သတင်းအရ သိရပါသည်။