邹立莹

မြန်မာနိုင်ငံ ခရီးသွားလာရေးလုပ်ငန်း ၂၀၂၂ ခုနှစ် နှစ်ဆန်းတွင် နိုင်ငံခြား ခရီးသွားများအတွက် ပြန်လည်ဖွင့်လှစ်မည်

(GMT+08:00)2021-10-19 11:19:57  

မြန်မာနိုင်ငံ ခရီးသွားလာရေးလုပ်ငန်း ၂၀၂၂ ခုနှစ် နှစ်ဆန်းတွင် နိုင်ငံခြား ခရီးသွားများအတွက် ပြန်လည်ဖွင့်လှစ်မည်_fororder_微信图片_20211019111920

မြန်မာနိုင်ငံ ခရီးသွားလာရေးလုပ်ငန်း ၂၀၂၂ ခုနှစ် နှစ်ဆန်းတွင် နိုင်ငံခြား ခရီးသွားများအတွက် ပြန်လည်ဖွင့်လှစ်မည်_fororder_微信图片_20211019111924

 မြန်မာနိုင်ငံ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဌေးအောင်က ၄င်းဌာနသည် ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ရေး စံချိန်စံနှုန်းအရ စီမံကိန်းကို တင်းကျပ်စွာ ရေးဆွဲနေပြီး ၂၀၂၂ ခုနှစ် ပထမ ၃ လတွင် နိုင်ငံခြား ခရီးသွားများအတွက် ခရီးသွားလုပ်ငန်းကို ပြန်လည်ဖွင့်လှစ်ရန် စီစဉ်ကာ ပထမဆုံး အသုတ်အနေနှင့် အာဆီယံနိုင်ငံများက ခရီးသွားများကို အဓိကဖွင့်လှစ်မည်ဖြစ်ကြောင်း ပြောကြားပါသည်။

     ဦးဌေးအောင်က ကိုဗစ်-၁၉ကြောင့် တစ်နှစ်ကျော်အတွင်း မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်း သိသာစွာ ထိခိုက်ခဲ့ကြောင်း၊ လက်ရှိအချိန်တွင် မြန်မာပြည်တွင်းရှိ ဟိုတယ်တစ်ဝက်သည် လည်ပတ်မှု ယာယီရပ်စဲနေပြီး ဟိုတယ်အခန်း ၉သောင်းခန့် ခရီးသွားများကို ပုံမှန်လက်ခံနိုင်ကြောင်း ပြောကြားပါသည်။