邹立莹

ထိုင်းနိုင်ငံတွင် ကိုယ်ဝန်ဆောင် အမျိုးသမီး ၅၀၀၀ နီးပါး ကိုဗစ်-၁၉ ကူးစက်ခံရ

(GMT+08:00)2021-10-19 13:15:38  

ထိုင်းကျန်းမာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူက လွန်ခဲ့သောခြောက်လအတွင်း ထိုင်းနိုင်ငံ၌ ကိုယ်ဝန်ဆောင်အမျိုးသမီး ၄၇၇၈ ဦး ကိုဗစ်-၁၉ ကူးစက်ခံခဲ့ရကြောင်း၊ ၎င်းတို့အနက် ကိုယ်ဝန်ဆောင်အမျိုးသမီး ၉၅ ဦး သေဆုံးခဲ့ပြီး သန္ဓေသား ၄၆ ဦး သေဆုံးခဲ့ကြောင်း၊ ကူးစက်ခံရသော ကိုယ်ဝန်ဆောင် အမျိုးသမီးအများစုသည် ဘန်ကောက်နှင့် အနီးတစ်ဝိုက်ရှိ ကူးစက် ရောဂါ ပြင်းထန်သော ဒေသများ၌ နေထိုင်ခြင်း ဖြစ်ပြီး သေဆုံးသော ကိုယ်ဝန်ဆောင်အများစုသည် ကိုဗစ်-၁၉ ကာကွယ်ဆေး မထိုးရသေးကြောင်း ၁၈ ရက်နေ့က ပြောကြားခဲ့ပါသည်။