辛甜

၂၀၂၁ခုနှစ်တရုတ်-အာဆီယံကုန်စည်ပြပွဲ ခရီးသွားပြပွဲကို ကွမ်ရှီး ကွေ့လင်မြို့၌ ဖွင့်လှစ်

(GMT+08:00)2021-10-17 09:58:36  

၂၀၂၁ခုနှစ်တရုတ်-အာဆီယံကုန်စည်ပြပွဲ ခရီးသွားပြပွဲကို ကွမ်ရှီး ကွေ့လင်မြို့၌ ဖွင့်လှစ်_fororder_1017-9

     ၂၀၂၁ခုနှစ်တရုတ်-အာဆီယံကုန်စည်ပြပွဲ ခရီးသွားပြပွဲကို အောက်တိုဘာ ၁၅ ရက်နေ့က ကွမ်ရှီး ကျွမ့်လူမျိုး ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသ ကွေ့လင်မြို့၌ ဖွင့်လှစ်ခဲ့ပါသည်။ ယခုအကြိမ်ပြပွဲ၏ ဆောင်ပုဒ်မှာ Belt & Road တည်ဆောက်မှုကို နက်ရှိုင်းစေပြီး ခရီးသွားလာရေးကို အရည်အသွေးမြင့်မားစွာဖွံ့ဖြိုးရေးကို တွန်းအားပေးခြင်း ဖြစ်သည်။

     တရုတ်-အာဆီယံကုန်စည်ပြပွဲ၏ ခရီးသွားပြပွဲကို ၂၀၁၅ခုနှစ်က ကွေ့လင်မြို့၌ ထာဝစဉ်ရပ်တည်ကျင်းပပြီးနောက် ၆ ကြိမ်တိုင်တိုင် အောင်မြင်စွာ ကျင်းပပြီဖြစ်ပြီး ပြည်တွင်းပြည်ပ ခရီးသွားလာရေးဆိုင်ရာ ကူးလူးဖလှယ်၊ ပူးပေါင်းဆောင်ရွက်ရေးပွဲ တဖြည်းဖြည်းဖြစ်လာကာ အာဆီယံ၁၀နိုင်ငံစလုံး ပါဝင်၍ ပြပွဲ ပါဝင်မှုနှုန်း ရာနှုန်းပြည့် ဖြစ်သည်ဟု သိရပါသည်။