洪荃诠

တရုတ်ပြည်မြောက်ပိုင်းကျားသစ်

(GMT+08:00)2021-10-15 15:07:53  

ပေကျင်း ရှီးလင်တောင်ဟာ အရင်က တရုတ်ပြည်မြောက်ပိုင်းကျားသစ် တို့ရဲ့ အဓိကအိမ်ပါ။ ဒါပေမဲ့ ၂၀၀၅ ခုနှစ်နောက်ပိုင်း ဒီနေရာမှာ ဒီကျားသစ်တွေရဲ့ အရိပ်အယောင် မတွေ့ရတော့ဘူး။
၂၀၁၇ ခုနှစ်မှာ တစ်နိုင်ငံလုံး ဒေသအသီးသီကလာရောက်တဲ့ တောရိုင်းတိရိစ္ဆာန် ထိန်းသိမ်းစောင့်ရှောက်ရေး စေတနာ့ဝန်ထမ်းတစ်အုပ်စုက “တရုတ်ကြောင်မျိုးရင်းဝင်တိရိစ္ဆာန် ထိန်းသိမ်းစောင့်ရှောက်ရေး မဟာမိတ်အဖွဲ့ (Chinese Felid Conservation Alliance)” ဖွဲ့စည်းပြီး “ကျားသစ်တွေကို အိမ်ပြန်ခေါ်မယ်” လှုပ်ရှားမှု စတင်ကာ ထိုက်ဟန်တောင်တန်းတလျှောက် ပိုင်းခြားခံလိုက်ရတဲ့ ဂေဟစနစ်စင်္ကြံကို ပြန်လည်ပြုပြင်ဖို့ ကြိုးစားခဲ့ကြပါတယ်။
စေတနာ့ဝန်ထမ်းတွေက စန်းရှီး ဟိုစွန့်ကနေ မြောက်ဖက်တလျှောက် ခရီးနှင်ပြီး စန်းရှီးနဲ့ ဟိုပေ ထိစပ်တဲ့နေရာ ထော်လျံသဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဇုန်ကို ရောက်ရှိလာပါတယ်။
ဒီနေရာဟာ “ကျားသစ်တွေကို အိမ်ပြန်ခေါ်မယ်” ဂေဟစနစ်စင်္ကြံထဲမှာပါဝင်တဲ့ နေရာတစ်ခု ဖြစ်ပါတယ်။ ၂၀၁၂ ခုနှစ်နောက်ပိုင်းမှာ ထိုင်ဟန်တောင် စိမ်းလန်းစိုပြေရေးစီမံကိန်းကြောင့် ဟက်တာ ၇.၃ သန်းကျော်ရှိတဲ့မြေကြီးဟာ ပြန်လည်စိမ်းလန်းစိုပြေလာခဲ့ပါတယ် ။ ဒီနှစ်တွေမှာ ထိန်းသိမ်းရေးဇုန်အတွင်း ကျားသစ်မ ၁၁ ကောင်ကနေ ကျားသစ်သားပေါက် ၃၇ ကောင် မွေးဖွားခဲ့တာကို စောင့်ကြည့်လေ့လာနိုင်ခဲ့ပါတယ်။