洪荃诠

ပါးကျယ် နဲ့ ကုန်းပြင်မြင့်ဝံပုလွေ

(GMT+08:00)2021-10-15 15:18:04  

စန်းကျန်းရွမ်ဟာ ယန်စီမြစ် မြစ်ဝါမြစ် လန်ချန်းမြစ်တို့ မြစ်ဖျားခံရာဒေသဖြစ်တယ် တောင်မြောက်သွယ်တန်းနေတဲ့တောင်တန်းကြီးက မျိုးစိတ်အများအပြားအတွက် တောင်နဲ့မြောက် ပြောင်းရွှေ့တဲ့လမ်းကြောင်းနဲ့ ခိုလှုံရာ ထောက်ပံ့ပေးနေပါတယ်။ ဒီနေရာက မြေပြင်ဧရိယာဟာ တစ်နိုင်ငံလုံးရဲ့ ၀.၄% တောင် မရှိပေမယ့် တစ်နိုင်ငံလုံးရဲ့ ၂၀% အထက် အဆင့်မြင့်အပင်တွေနဲ့ တိရိစ္ဆာန်မျိုးအုပ်စု ၂၅% ကို မွေးဖွားရှင်သန်နေစေပါတယ် အာရှဥရောပကုန်းမြေကြီးရဲ့ ဇီဝအုပ်စု အကြွယ်ဝဆုံးဒေသ ဖြစ်ပါတယ်။
နံနက်စာစားပြီးတဲ့အခါ အသက် ၄၅ နှစ်အရွယ် စီမံထိန်းသိမ်းစောင့်ရှောက်သူ ပါးကျယ်ဟာ အဖွဲ့နဲ့အတူ ကွင်းဆင်းလေ့လာရေးခရီးကို စတင်လိုက်ပါတယ်။ အသွားအပြန် ကီလိုမီတာ ၃၀၀ ကျော်ရှိတဲ့ တောင်လမ်းကို သူတို့ တစ်ပတ်ကို သုံးကြိမ်မှ ငါးကြိမ်အထိ သွားလာကြပါတယ်။