辛甜

ကလေးတို့ရဲ့ဆရာမ အပိုင်း-၅

(GMT+08:00)2021-10-09 10:02:10  

     

ကလေးတို့ရဲ့ဆရာမ အပိုင်း-၅_fororder_1057105006287913086 (1)

   ဒီရေဒီယို ဇာတ်လမ်းတွဲထဲမှာ လွန်ခဲ့တဲ့ ၄၆ နှစ်တုန်းက တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ် ဟွာဖိန်ခရိုင်မှာ ပညာသင်ကြားရေး အခြေအနေ ကောင်းမွန်တိုးတက်လာအောင် အခက်အခဲ များစွာကနေ ကြိုးစားဆောင်ရွက်ခဲ့တဲ့ ဇူလိုင်လ ၁ ရက်နေ့ တရုတ်ကွန်မြူနစ်ပါတီဝင်များရဲ့ ဂုဏ်ထူးဆောင်ဆုရရှိသူ ဆရာမ ကျန်းကွေ့မေ အကြောင်းကို ဂုဏ်ပြု ရေးဖွဲ့ထားပါတယ်။ အထူးသဖြင့် ဒီဇာတ်လမ်းထဲမှာ ငယ်ရွယ်တဲ့ ကျောင်းဆရာမလေးတစ်ဦးက ဆင်းရဲတဲ့ဒေသက မိန်းကလေးတွေရဲ့ ကံကြမ္မာကို စာသင်ကြားခြင်းနဲ့ ကျောင်းသူမိန်းကလေးများစွာရဲ့ အနာဂတ် ကံကြမ္မာ ကောင်းမွန်ရေးကို ဘယ်လိုမျိုး ပြောင်းလဲ ပေးနိုင်ခဲ့သလဲ။ ဆရာမလေး ကျန်းကွေ့မေတစ်ယောက် ကျေးလက်တောရွာမှာ ကိုယ်ကျိုးမငဲ့တဲ့ စိတ်ဓါတ်နဲ့ ပညာသင်ကြားရေး အခြေအနေကို ခက်ခက်ခဲခဲ ဘယ်လို လုပ်ဆောင်ခဲ့ရသလဲ။ မြန်မာနိုင်ငံအတွက်ရော တရုတ်အစိုးရက တရုတ်နိုင်ငံမှာ ပညာသင်ကြားချင်တဲ့ မြန်မာ ကျောင်းသား၊ ကျောင်းသူတွေအတွက် ပညာသင်ထောက်ပံ့ကြေး စကော်လားရှစ် အစီအစဉ်တွေကို ဘယ်လိုမျိုး ဆောင်ရွက်ပေးနေသလဲ ဆိုတာတွေကို ဒီဇာတ်လမ်းတွဲထဲမှာ နားဆင်ခံစားရမှာ ဖြစ်ပါတယ်။

     ဒီအစီအစဉ်ကို CRI မြန်မာပိုင်းအစီအစဉ်မှ စီစဉ်ထုတ်လွှင့်ခြင်းဖြစ်ပြီး ဇာတ်လမ်းရေးသားသူမှာ စုသက်မှူး (မရမ်းကုန်း) ဖြစ်ပါတယ်။ CRI မြန်မာပိုင်း ရေဒီယိုအစီအစဉ်များကို  မြန်မာစံတော်ချိန် ညနေ ၅ နာရီခွဲမှ ၆ နာရီခွဲ ကီလိုဟက်စ် ၁၁၈၈၊ ၉၈၈၀ ၊ ည ၇ နာရီခွဲမှ ၈နာရီခွဲ ကီလိုဟက်စ် ၉၈၈၀၊ ၇၄၀၀ ၊ ည ၈နာရီခွဲမှ ည ၉ နာရီခွဲ ကီလိုဟက်စ် ၇၄၀၀ တို့မှ နားဆင်နိုင်ပါတယ်ရှင်။