邹立莹

မြန်မာနိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် အောက်တိုဘာလ တတိယ ဆယ်ရက်ပိုင်းတွင် ကြားနာပွဲသို့ တက်ရောက်ပြီး ကိုယ်တိုင်သက်သေ ထွက်ဆိုမည်

(GMT+08:00)2021-10-06 13:24:40  

ဒေသစံတော်ချိန် အောက်တိုဘာလ ၅ ရက်နေ့က မြန်မာနိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေအဖွဲ့က ဒေါ်အောင်ဆန်းစုကြည်သည် အောက်တိုဘာ ၂၆ ရက်နေ့တွင် နေပြည်တော်၌ ကြားနာပွဲကို တက်ရောက်ပြီး ကိုယ်တိုင် သက်သေထွက်ဆိုမည်ဟု မီဒီယာများအား ပြောကြားပါသည်။

ထို့အပြင် ဒေါ်အောင်ဆန်းစုကြည်သည် သူမရဲ့ကျန်းမာရေးကြောင့် အမှုကို တစ်ပတ်ခြားတစ်ခါသာ စစ်ပေးရန် တရားရုံးကို လျှောက်လွှာတင်ခဲ့ခြင်းကြောင့် လာမည့်တစ်ပတ် အောက်တိုဘာလ ၁၂ရက်နေ့တွင် ယင်းလျှောက်လွှာတင်သောကိစ္စအတွက် အမိန့်ချရန် ရှိသည်ဟု သိရပါသည်။ သူမသည် နေမကောင်းတာ မဟုတ်ကြောင်း၊ အနည်းငယ်ပင်ပန်းတာ ဖြစ်ကြောင်း ရှေ့နေအဖွဲ့က ဖြည့်စွက် ပြောကြားပါသည်။