邹立莹

အင်ဒိုနီးရှားနိုင်ငံ ပါပူဝါပြည်နယ်တွင် ဌာနေတိုင်းရင်းသားလူမျိုးချင်း အချင်းပွားမှု ဖြစ်ပွား၊ လူ ၆ ဦး သေဆုံးပြီး ၄၁ ဦး ဒဏ်ရာရရှိ

(GMT+08:00)2021-10-04 12:45:58  

အောက်တိုဘာလ ၃ ရက်နေ့က အင်ဒိုနီးရှားနိုင်ငံ ပါပူဝါပြည်နယ် Yahukimo ဒေသရှိ yali တိုင်းရင်းသားလူမျိုး နှင့် kimyal တိုင်းရင်းသားလူမျိုး အကြား အချင်းပွားမှု အကြီးအကျယ် ဖြစ်ပွားခဲ့ရာ လူ ၆ ဦး သေဆုံးပြီး ၄၁ ဦး ဒဏ်ရာရရှိခဲ့သည်ဟု အင်ဒိုနီးရှားမီဒီယာများမှ သတင်းအရ သိရပါသည်။

အချင်းပွားမှုတွင် နှစ်ဖက်တို့သည် လေး နှင့် ဓါးများ အသုံးပြုခဲ့ကြသည်။ ရဲများသည် လူ ၅၂ ဦးကို ဖမ်းဆီးထားခဲ့ပါသည်။