张晓宁

တရုတ်-ကန် စီးပွားကုန်သွယ်ရေးဆက်ဆံမှု၏ အနှစ်သာရသည် အပြန်အလှန် အကျိုးရှိစေ ရေးနှင့် အနိုင် အတူရရှိရေး ဖြစ်သည်ဟု တရုတ် ဆို

(GMT+08:00)2021-10-01 16:37:36  

အမေရိကန်ကုန်သွယ်ရေးဝန်ကြီး ရေမိန်ဒိုသည် ကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်ပြီး တရုတ်ပြည်သို့ လာရောက်ခရီးလှည့်လည်ရန် ဆန္ဒရှိခြင်းနှင့်ပတ်သက်၍ တရုတ် ကုန်သွယ်ရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ စုယွီ့ထင်က တရုတ်-အမေရိကန် စီးပွားကုန်သွယ်ရေးဆက်ဆံမှု၏ အနှစ်သာရသည် အပြန်အလှန် အကျိုးရှိစေရေးနှင့် အနိုင်အတူရရှိရေး ဖြစ်ကြောင်း၊ နှစ်နိုင်ငံ စီးပွားကုန်သွယ်ရေးအဖွဲ့တို့သည် ပုံမှန်ကူးလူး ဖလှယ်မှုကို အမြဲတမ်းထားရှိနေကြောင်း စက်တင်ဘာလ ၃၀ရက်နေ့က ပုံမှန်သတင်းစာ ရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်ဟု China Media Groupမှ သတင်းအရ သိရပါသည်။