张晓宁

“ဟောင်ကောင်ကုန်သွယ်ရေးပတ်ဝန်းကျင်အခြေအနေအစီရင်ခံစာ”သည် ကန်၏ “ဟောင်ကောင် ကုန်သွယ်ရေးဆိုင်ရာ သတိပေးချက်” ဟူသော ပြစ်တင်ပြောဆိုချက်ကို အားကောင်းစွာ ပြန်ချေပလိုက်ခြင်းဖြစ်သည်ဟု တရုတ်ကုန်သွယ်ရေးဝန်ကြီးဌာန ဆို

(GMT+08:00)2021-10-01 16:37:08  

မကြာခင်က ဟောင်ကောင်အထူးအုပ်ချုပ်ရေးဒေသအစိုးရက ထုတ်ပြန်ခဲ့သော “ဟောင်ကောင်ကုန်သွယ်ရေးပတ်ဝန်းကျင်အခြေအနေအစီရင်ခံစာ”သည် အမေရိကန်၏ “ဟောင်ကောင် ကုန်သွယ်ရေးဆိုင်ရာ သတိပေးချက်” ဟူသော ပြစ်တင် ပြောဆိုချက်ကို အားကောင်းစွာ ပြန်ချေပလိုက်ခြင်းဖြစ်ပြီး ဟောင်ကောင်ဒေသတွင် မငြိမ်မသက်မှုကနေ စနစ်တကျ စီမံအုပ်ချုပ်မှု ရရှိပြီးနောက် ကောင်းမွန်အဆင်ပြေသော ကုန်သွယ်မှု ပတ်ဝန်းကျင်နှင့် ဖွံ့ဖြိုးတိုးတက်ရေး ရှေ့အလားအလာကို အပြည့်အဝ ပြသထားကြောင်း၊ နိုင်ငံတကာ အသိုက်အဝန်းက ဟောင်ကောင်ဒေသ၏ အခြေအနေအဖြစ်မှန်ကို သိရှိနားလည်စေပြီး ဟောင်ကောင်အပေါ် ယုံကြည်စိတ် ပိုမိုရှိလာစေရန်အတွက် အကျိုးရှိကြောင်း တရုတ် ကုန်သွယ်ရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ရွှိကျွယ်တင်က ယမန်နေ့ ၃၀ ရက်နေ့က ကျင်းပခဲ့သော ပုံမှန်သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်ဟု China Media Groupမှ သတင်းအရသိရပါသည်။