马宁

ကိုဗစ်-၁၉ ဗိုင်းရပ်စ် အရင်းအမြစ် စုံစမ်းစစ်ဆေးရေးကို တရုတ်နိုင်ငံတွင်သာ မပြုလုပ်သင့် ကြောင်း တရုတ်အဖွဲ့ ဖော်ပြ

(GMT+08:00)2021-09-28 15:19:35  

ကိုဗစ်-၁၉ ဗိုင်းရပ်စ် အရင်းအမြစ် စုံစမ်းစစ်ဆေးရေးကို တရုတ်နိုင်ငံတွင်သာ မပြုလုပ်သင့် ကြောင်း တရုတ်အဖွဲ့ ဖော်ပြ_fororder_柳叶刀

  မကြာမီက နိုင်ငံတကာ ထိပ်တန်း ဆေးပညာမဂ္ဂဇင်း The Lancet သည် တရုတ် အဖွဲ့မှ ရေးသားသော ကူးစက်ပြန့်ပွားမှုကြီးကို ကြိုတင်ကာကွယ်ရန် တစ်ကမ္ဘာလုံးတွင် ကိုဗစ်-၁၉ဗိုင်းရပ်စ် အရင်းအမြစ် စုံစမ်းစစ်ဆေးရေးကို သုတေသနပြုသင့်သည်ဟူသော ခေါင်းစဉ်ဖြင့် ဆောင်းပါးတစ်ပုဒ်ကို အွန်လိုင်း ထုတ်ပြန်ခဲ့ပါသည်။ စာရေးသူများက လာမည့်အချိန်ကာလတွင် ကိုဗစ်-၁၉ဗိုင်းရပ်စ် အရင်းအမြစ်စုံစမ်းစစ်ဆေးရေးကို တရုတ် နိုင်ငံတွင်သာ ပြုလုပ်မည် မဟုတ်ဘဲ တစ်ကမ္ဘာလုံးတွင် စုံစမ်းစစ်ဆေးရန် လိုကြောင်း၊ တိရစ္ဆာန်မှ လူသားတို့ ထံသို့ ပထမဆုံးအကြိမ် ကူးစက်ခဲ့သောအချိန်နှင့် နေရာကို သတ်မှတ်ရန်လိုကြောင်း ဖော်ပြခဲ့ပါသည်။