洪荃诠

ရှီကျင့်ဖိန်က မိသားစု မေတ္တာ သံယောဇဉ် အကြောင်း ပြောကြား

(GMT+08:00)2021-09-19 12:14:10  

ရှီကျင့်ဖိန်က မိသားစု မေတ္တာ သံယောဇဉ် အကြောင်း ပြောကြား_fororder_1123474241_15377502805941n

တရုတ်လူမျိုး၏ ရိုးရာပွဲတော်ဖြစ်သည့် လမှုန့်ပွဲတော်သည် တရုတ်လူမျိုးများ၏ တစ်မိသားစုလုံး သိုက်သိုက်ဝန်းဝန်း နေကြသည့်ဆန္ဒနှင့်  သင့်မြတ်ဖေါ်ရွေ သာယာသော ဘဝ မျှော်မှန်းခြင်းဆန္ဒကို ဖော်ပြသည့်အပြင် လေးနက်သော မျိုးချစ်စိတ်ဓါတ်ကိုလည်း ပြသနေပါသည်။ တရုတ်ကွန်မြူနစ်ပါတီ ၁၈ကြိမ်မြောက် ပြည်လုံးဆိုင်ရာ ကိုယ်စားလှယ်များညီလာခံကို ကျင်းပပြီးနောက် ပါတီအထွေထွေအတွင်းရေးမှူး ရှီကျင့်ဖိန်က မိသားစု မေတ္တာ သံယောဇဉ် အကြောင်းကို ကြိမ်ပေါင်းများစွာ ပြောမိခဲ့ပါသည်။ ရှီကျင့်ဖိန်က မိသားစုတိုင်း ကောင်းမှသာ တိုင်းပြည်နှင့် လူမျိုး ကောင်းနိုင်မည်ဟု ပြောဆိုခဲ့ပါသည်။