宋冉

ကန်၏လူကုန်ကူးမှု၊ အတင်းအဓ္ဓမအလုပ်လုပ်ခိုင်းခြင်း စသည့်ပြဿနာများကို တရုတ်နှင့် နိုင်ငံအချို့ အာရုံစိုက်

(GMT+08:00)2021-09-18 15:30:52  

စက်တင်ဘာလ ၁၇ ရက်နေ့က ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ ၄၈ကြိမ်မြောက် အစည်းအဝေးတွင် ယနေ့ခေတ်အသွင်ပုံစံ လူကျွန် ပြဿနာဆိုင်ရာ အထူးအစီရင်ခံသူများ ဆွေးနွေးပွဲကို ကျင်းပခဲ့ရာ ဂျီနီဗါဆိုင်ရာ တရုတ်အမြဲတမ်းကိုယ်စားလှယ် အဖွဲ့ သံမှူးကြီး ကျန်းဒွမ် က အမှတ်(၁)အဖွဲ့ နိုင်ငံများ ကိုယ်စား မိန့်ခွန်းပြောကြားရာတွင် အမေရိကန် နိုင်ငံ၏ လူကုန်ကူးမှု၊ အတင်းအဓ္ဓမအလုပ်လုပ်ခိုင်းခြင်း စသည့်ပြဿနာများကို အာရုံစိုက် ကြောင်း ပြောကြားခဲ့ပါသည်။

သံမှူးကြီး ကျန်းဒွမ် က အမေရိကန်အစိုးရ၏ လက်လွတ်စပယ်ပြုမှုနှင့် အလေး ထားခြင်း ကင်းမဲ့မှုသည် အမေရိကန်နိုင်ငံတွင် လူကုန်ကူးမှု၊ အတင်းအဓ္ဓမအလုပ်လုပ်ခိုင်းမှု ဖြစ်ပွားစေသည့် အရင်းခံအကြောင်းရင်း ဖြစ်ကြောင်း၊ အမေရိကန်နိုင်ငံအနေဖြင့် ကလေး သူငယ်များ၏ အခွင့်အရေးဆိုင်ရာ ပဋိညာဉ်စာချုပ်နှင့် အမျိုးသမီးများအပေါ် အသွင်မျိုးစုံဖြစ်သည့် အထင်သေးမှု ပပျောက်ရေး ပဋိညာဉ်စာချုပ် စသည့် လူ့အခွင့်အရေး ဆိုင်ရာ သဘောတူစာချုပ်များကို အတည်ပြုပြီး လူကုန်ကူးမှု၊ အတင်းအဓ္ဓမအလုပ်လုပ်ခိုင်းမှု စသည့် ပြစ်မှုကျူးလွန်မှုများကို အားဖြည့်တိုက်ဖျက်၍ ဘေးဒုက္ခရောက် အမျိုးသမီးများနှင့်ကလေးများကို ကယ်တင်ကာ ပြစ်မှုကျူးလွန်သူများကို အရေးယူရမည် ဖြစ်ကြောင်း၊ လူ့အခွင့်အရေးကောင်စီ၊ လူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီးရုံးနှင့်  ယနေ့ခေတ်အသွင်ပုံစံ လူကျွန်ပြဿနာ အထူးအစီရင်ခံသူများစနစ် စသည်တို့သည် အမေရိကန်နိုင်ငံ၏ လူကုန်ကူးမှု၊ အတင်းအဓ္ဓမအလုပ်လုပ်ခိုင်းမှု စသည့် ပြဿနာများကို ဆက်တိုက်အာရုံစိုက်ပြီး လိုအပ်သော ဆောင်ရွက်မှုများ ပြုလုပ်သင့် ကြောင်း ပြောကြားခဲ့ပါသည်။