朱蕾

ပူးပေါင်းဆောင်ရွက်ရေးဖြင့် ကမ္ဘာ့ကျန်းမာရေးအကျပ်အတည်းနှင့် ဆင်းရဲမှု ရင်ဆိုင်ကြရန် Guterres ပန်ကြား

(GMT+08:00)2021-09-13 13:58:42  

စက်တင်ဘာလ ၁၂ ရက်နေ့သည် ကုလသမဂ္ဂ တောင်ဘက်ခြမ်းနိုင်ငံများ ပူးပေါင်း ဆောင်ရွက်ရေးနေ့ဖြစ်သည်။ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Guterres သည် ဗီဒီယိုအသွင်ပုံစံဖြင့် မိန့်ခွန်းထုတ်ပြန်ခဲ့ရာ၌ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှု နက်ရှိုင်း စေခြင်းဖြင့် ကမ္ဘာ့ကျန်းမာရေး အကျပ်အတည်းနှင့် ထိရောက်စွာ ရင်ဆိုင်ပြီး ဆင်းရဲမှုနှင့် တန်းတူညီမျှမှုမရှိခြင်းကို လျော့နည်းစေကာ၊ ဆက်တိုက်ဖွံ့ဖြိုးရေး ရန်မှန်းချက် အကောင်အထည် ဖော်ဆောင်ရန် ပန်ကြားခဲ့သည်ဟု ဆင်ဟွာသတင်းအရသိရသည်။

ဆက်လက်၍ Guterres က ကိုဗစ်-၁၉ ကူးစက်ရောဂါ ဖြစ်ပွားခဲ့သည့် ကာလပိုင်းအတွင်း ကမ္ဘာ့တောင်ဘက်ခြမ်း နိုင်ငံများသည် ရောဂါအခြေအနေနှင့် ထိရောက်စွာ ရင်ဆိုင်ရန်နှင့် ရောဂါအခြေအနေမှ နာလန်ပြန်ထူလာအောင် အကောင် အထည် ဖော်ဆောင်ရန်အတွက်၊ ၄င်းတို့၏ ဗဟုသုတများနှင့် အရင်းအမြစ်များကို မျှဝေ ခဲ့ကြကြောင်း ပြောကြားခဲ့သည်ဟု သတင်းအရ သိရသည်။