李悦

၂၀၂၁ခုနှစ် တရုတ်-အာဆီယံ လျှပ်စစ်ဓါတ်အား ပူးပေါင်းဆောင်ရွက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖိုရမ် ကျင်းပ

(GMT+08:00)2021-09-12 11:30:06  

    ၁၈ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲ၏ အရေးကြီး လှုပ်ရှားပွဲ ဖြစ်သည့်  ၂၀၂၁ခုနှစ် တရုတ်-အာဆီယံ လျှပ်စစ်ဓါတ်အား ပူးပေါင်းဆောင်ရွက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖိုရမ်ကို ယခုလ ၁၁ရက်နေ့က ကွမ်ရှီးနန်နင်တွင် ဆက်လက် ကျင်းပခဲ့ကြောင်း၊ တရုတ် အမျိုးသား စွမ်းအင် လုပ်ငန်းဌာန ဒုဝန်ကြီး ကျန်းကျန့်ဟွာက ကမ္ဘာ့ စွမ်းအင် အသုံးပြုမှု ဖွဲ့စည်းပုံသည် ကာဗွန်ဓါတ်ငွေ့ ထုတ်လွှတ်မှု လျှော့ချရေးနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေး ဦးတည်ချက်သို့ အရှိန်မြှင့် တိုးတက်နေကြောင်း၊ လျှပ်စစ်ဓါတ်အားသည် စွမ်းအင် နည်းပညာ၏ အမြုတေ ဖြစ်ပြီး တရုတ်နှင့် အာဆီယံ နိုင်ငံများ အကြား ပူးပေါင်းဆောင်ရွက်မှု ပြုလုပ်သည့် အဓိက လုပ်ငန်းနယ်ပယ် ဖြစ်ကြောင်း၊ တရုတ်နှင့် အာဆီယံ၏ လျှပ်စစ်ဓါတ်အား ပူးပေါင်းဆောင်ရွက်ရေး အတိုင်းအတာသည် အဆက်မပြတ် တိုးလာကြောင်း ပြောကြားသည်ဟု China Media Groupမှ သတင်းအရ သိရသည်။

၂၀၂၁ခုနှစ် တရုတ်-အာဆီယံ လျှပ်စစ်ဓါတ်အား ပူးပေါင်းဆောင်ရွက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖိုရမ် ကျင်းပ_fororder_电力