张晓宁

စက်တင်ဘာလ ၂ ရက်နေ့တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၂၈ ဦး အသစ်တွေ့ရှိ

(GMT+08:00)2021-09-03 15:03:49  

စက်တင်ဘာလ ၂ ရက်နေ့ သုညနာရီမှ ည ၁၂ နာရီအထိ တရုတ်ပြည် ပြည်နယ် ၃၁ ခုနှင့် ရှင်းကျန်း ထုတ်လုပ်ရေးနှင့် တည်ဆောက်ရေးတပ်ဖွဲ့စုတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၂၈ ဦး အသစ်တွေ့ရှိခဲ့ကြောင်း၊ ၄င်းတို့အားလုံးသည် ပြည်ပမှ ဝင်ရောက်ခြင်းဖြစ်ကြောင်း၊ ကပ်ရောဂါကြောင့် သေဆုံးသူ မရှိကြောင်း၊ ပြည်ပမှ ဝင်ရောက်သော ရောဂါသံသယရှိသူ ၂ဦး ရှိကြောင်း တရုတ် အမျိုးသားကျန်းမာရေးကော်မရှင် ဝက်ဘဆိုက်မှ သတင်းအရ သိရပါသည်။