马宁

ရှီကျင့်ဖိန်သည် မလေးရှားနိုင်ငံ လွတ်လပ်ရေးရရှိခဲ့သည့် (၆၄)နှစ်ပြည့်နှင့် ပတ်သက်၍ မလေးရှား အမြင့်ဆုံးခေါင်းဆောင်ထံသို့ ဂုဏ်ပြုသဝဏ်လွှာပေးပို့

(GMT+08:00)2021-08-31 14:29:02  

  တရုတ်နိုင်ငံတော်ဥက္ကဋ္ဌရှီကျင့်ဖိန်သည် မလေးရှားနိုင်ငံ လွတ်လပ်ရေးရရှိခဲ့သည့် (၆၄)နှစ်ပြည့်နှင့်ပတ်သက်၍ ၃၁ ရက်နေ့က မလေးရှားအမြင့်ဆုံးခေါင်းဆောင် Abdullah ထံသို့ ဂုဏ်ပြုသဝဏ်လွှာပေးပို့ခဲ့ကြောင်း China Media Groupမှ သတင်းအရ သိရပါသည်။

  လွတ်လပ်ရေးရရှိခဲ့သည့် (၆၄)နှစ်အတွင်း မလေးရှားနိုင်ငံ ထူထောင်မှုသည် အောင်မြင်မှု ထင်ရှားစွာရရှိပြီး ပြည်သူလူထု၏ နေထိုင်မှုအဆင့်အတန်း အဆက်မပြတ် တိုးမြှင့်လာကာ နိုင်ငံတကာနှင့်ဒေသတွင်းရေးရာများ၌ အရေးကြီးသောအခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်လာနေကြောင်း၊ တရုတ်နှင့်မလေးရှား နှစ်နိုင်ငံတို့သည် ချစ်ကြည်ရေး အစဉ်အလာရှိသော အိမ်နီးချင်းကောင်းဖြစ်ကြပြီး ကိုဗစ်-၁၉ရောဂါကို လက်တွဲတိုက်ဖျက် ကြကာ ဖွံ့ဖြိုးတိုးတက်မှုကို အတူတူရှာကြံ၍ ဒေသတွင်း စည်ပင်သာယာရေးနှင့် တည်ငြိမ်မှု အတွက် အပြုသဘောဆောင်သော အကျိုးပြုမှုကို စွမ်းဆောင်ကြကြောင်း၊ မိမိအနေနှင့် မလေးရှားနိုင်ငံနှင့် ဆက်ဆံရေးကို မြင့်မားစွာ အလေးထားပြီး အမြင့်ဆုံးခေါင်းဆောင် Abdullahနှင့်အတူ နှစ်နိုင်ငံ ကိုဗစ်-၁၉ရောဂါတိုက်ဖျက်ရေးပူးပေါင်းဆောင်ရွက်မှုကို တစ်ဆင့်တိုး နက်ရှိုင်း စေပြီး “One Belt and Road”ကို အရည်အချင်းမြင့်မားစွာ အတူ ထူထောင်ကြကာ တရုတ်-မလေးရှား ဘက်စုံမဟာဗျူဟာ မိတ်ဖက်ဆက်ဆံရေးကို အဆင့် သစ်သို့ တက်လှမ်းရန် ဦးဆောင်၍ နှစ်နိုင်ငံနှင့် နှစ်နိုင်ငံပြည်သူများအတွက် ပိုများသော  ချမ်းသာသုခကို ဖန်တီးပေးရန် အတူကြိုးပမ်းအားထုတ်လိုကြောင်း ရှီကျင့်ဖိန်က ဂုဏ်ပြု သဝဏ်လွှာတွင် ရေးသားဖော်ပြပါသည်။