马宁

ကန်ထောက်လှမ်းရေးဌာနမှ ထုတ်ပြန်သည့် ကိုဗစ် ၁၉ ဗိုင်းရပ်စ် အရင်းအမြစ် လိုက်ရှာခြင်း အစီရင်ခံစာ ဆိုင်ရာ အကဲဖြတ်ခြင်း ကောက်နုတ်ချက်တွင် ဗိုင်းရပ်စ် အရင်းအမြစ်ကို အတည်မပြုနိုင်

(GMT+08:00)2021-08-28 13:52:03  

  ဒေသ စံတော်ချိန် ယခုလ ၂၇ရက်နေ့က အမေရိကန် နိုင်ငံတော် ထောက်လှမ်းရေး အရာရှိချုပ်ရုံးမှ ထုတ်ပြန်သော ကိုဗစ် ၁၉ ဗိုင်းရပ်စ် အရင်းအမြစ် လိုက်ရှာခြင်း အစီရင်ခံစာ ဆိုင်ရာ လျှို့ဝှက်ချက် မဟုတ်သော အကဲဖြတ်ခြင်း ကောက်နုတ်ချက်တွင် ထောက်လှမ်းရေး ဌာနခွဲများသည် ကိုဗစ် ၁၉ ဗိုင်းရပ်စ် အရင်းအမြစ်နှင့် ပတ်သက်သော အဓိက ရှုမြင်သုံးသပ်ချက် ၂ခုဖြစ်သည့် “စမ်းသပ်ခန်းမှ ယိုစိမ့်မှု”နှင့် “သဘာဝ လောကမှ လာခြင်း”အကြား သဘောတူညီမှု မရရှိနိုင်သေးကြောင်း၊ ဗိုင်းရပ်စ် အရင်းအမြစ်ကို အတည်မပြုနိုင်ကြောင်း၊ သို့သော် စုံစမ်းစစ်ဆေးရေး ရလဒ်အရ ကိုဗစ် ၁၉ ဗိုင်းရပ်စ်သည် ဇီဝလက်နက် အဖြစ် လူလုပ်သည့် ဗိုင်းရပ်စ်မျိုး မဟုတ်ကြောင်း၊ ထို့အပြင် တရုတ် အရာရှိများသည် ကိုဗစ် ၁၉ ကပ်ရောဂါ မဖြစ်ပွားခင် ယင်းဗိုင်းရပ်စ်မျိုးကို သိရှိခြင်း မရှိကြောင်း သိရသည်ဟု ဖော်ပြသည်။

ကန်ထောက်လှမ်းရေးဌာနမှ ထုတ်ပြန်သည့် ကိုဗစ် ၁၉ ဗိုင်းရပ်စ် အရင်းအမြစ် လိုက်ရှာခြင်း အစီရင်ခံစာ ဆိုင်ရာ အကဲဖြတ်ခြင်း ကောက်နုတ်ချက်တွင် ဗိုင်းရပ်စ် အရင်းအမြစ်ကို အတည်မပြုနိုင်_fororder_suyuan

  ယင်းနှင့် ပတ်သက်၍ အမေရိကန် နိုင်ငံ ဆိုင်ရာ တရုတ် သံရုံးက ကြေညာချက် ထုတ်ပြန်ရာ အမေရိကန်၏ “ကိုဗစ် ၁၉ ဗိုင်းရပ်စ် အရင်းအမြစ် လိုက်ရှာခြင်း အစီရင်ခံစာ”ဆိုသည်မှာ အများယုံကြည်လက်ခံနိုင်မှုနှင့် သိပ္ပံနည်းကျခြင်း လုံးဝ မရှိကြောင်း ဖော်ပြသည်။