马宁

တရုတ်-မြန်မာ လမ်းကြောင်းသစ်မှတစ်ဆင့် ပို့ဆောင်သော ပထမအသုတ် ကုန်ပစ္စည်းများ ချိန်တူးသို့ ရောက်ရှိ

(GMT+08:00)2021-08-28 13:55:47  

တရုတ်-မြန်မာ လမ်းကြောင်းသစ်မှတစ်ဆင့် ပို့ဆောင်သော ပထမအသုတ် ကုန်ပစ္စည်းများ ချိန်တူးသို့ ရောက်ရှိ_fororder_成都

  သြဂုတ်လ ၂၇ရက်နေ့က တရုတ်-မြန်မာ လမ်းကြောင်းသစ်(ရန်ကုန်-လင်းဆန်း-ချိန်တူး) ပင်လယ်ရေကြောင်း-ကားလမ်း-ရထားလမ်းပူးတွဲပို့ဆောင်ရေး လမ်းကြောင်း မှတစ်ဆင့် စမ်းသပ်ပို့ဆောင်သော ပထမအသုတ်ကုန်ပစ္စည်းများသည် ချိန်တူးအပြည်ပြည် ဆိုင်ရာရထားဘူတာရုံစင်တာသို့ ရောက်ရှိခဲ့ကြောင်း၊ ယင်းအသုတ်ကုန်ပစ္စည်းများသည် စင်္ကာပူမှနေ ပင်လယ်ရေကြောင်းမှတစ်ဆင့် မြန်မာနိုင်ငံရန်ကုန်ဆိပ်ကမ်းသို့ ရောက်ရှိပြီး ကာလမ်းမှတစ်ဆင့် ယူနန်ပြည်နယ် လင်းဆန်းသို့ ဝင်ရောက်ကာ ရထားလမ်းမှတစ်ဆင့် ချိန်တူးမြို့သို့ ရောက်ရှိ၍ တရုတ်အနောက်တောင်ပိုင်းဒေသသို့ ပို့ဆောင်သွားခြင်းဖြစ် ကြောင်း၊ အဆိုပါ နည်းလမ်းဖြင့် စင်္ကာပူ၊ မြန်မာ၊ တရုတ် ၃နိုင်ငံကုန်ပစ္စည်းပို့ဆောင်ရေးလမ်းကြောင်းကို ဆက်စပ်ထားခြင်းဖြစ်ကြောင်း တရုတ်ပြည်သူ့နေ့စဉ်သတင်းစာမှ သတင်းအရ သိရပါသည်။