辛甜

၁၀၈ ကြိမ်မြောက် တရုတ်၊ လာအို၊ မြန်မာ၊ ထိုင်း မဲခေါင်မြစ် ပူးတွဲ ကြပ်မတ် ကင်းလှည့်ခြင်း စတင်

(GMT+08:00)2021-08-26 14:22:51  

၁၀၈ ကြိမ်မြောက် တရုတ်၊ လာအို၊ မြန်မာ၊ ထိုင်း မဲခေါင်မြစ် ပူးတွဲ ကြပ်မတ် ကင်းလှည့်ခြင်း စတင်_fororder_0826-7

၁၀၈ ကြိမ်မြောက် တရုတ်၊ လာအို၊ မြန်မာ၊ ထိုင်း မဲခေါင်မြစ် ပူးတွဲ ကြပ်မတ် ကင်းလှည့်ခြင်း စတင်_fororder_0826-6

၁၀၈ ကြိမ်မြောက် တရုတ်၊ လာအို၊ မြန်မာ၊ ထိုင်း မဲခေါင်မြစ် ပူးတွဲ ကြပ်မတ် ကင်းလှည့်ခြင်း စတင်_fororder_0826-5

ယခုလ ၂၄ ရက်နေ့ နံနက် ၁၁ နာရီက တရုတ်ပြည်မှ ဥပဒေကြပ်မတ်ရေး သင်္ဘော ၃ စင်းသည် တရုတ်ပြည် ကွမ်လေ ဆိပ်ကမ်းမှ ထွက်ခွါပြီး လာအို၊ မြန်မာနှင့် ထိုင်းနိုင်ငံများမှ ဥပဒေကြပ်မတ်ရေးဌာနတို့နှင့်အတူ ၄ ရက်ကြာသော ၁၀၈ ကြိမ်မြောက် မဲခေါင်မြစ် ပူးတွဲ ကြပ်မတ်ကင်းလှည့်မှုကို စတင်ဆောင်ရွက်ခဲ့သည်ဟု China Media Group မှ သတင်းအရ သိရသည်။

ယင်းမတိုင်မီက ၄ နိုင်ငံမှ သက်ဆိုင်ရာ ကြပ်မတ်ရေးဌာနများသည် ဗီဒီယို အသွင်ပုံစံဖြင့် ဦးစီးကွပ်ကဲသူများ ပူးတွဲအစည်းအဝေးနှင့် မဲခေါင် မြစ်ဝှမ်းဒေသ သတင်းအချက်အလက်များ ကူးလူးဖလှယ်ရေးအစည်းအဝေးကို ကျင်းပခဲ့ကြသည်ဟု သတင်းအရ သိရသည်။