邹立莹

၂၀၂၁ ခုနှစ် တရုတ်-လာအို မိုက်ခရိုဗီဒီယိုပြိုင်ပွဲ ဆုချီးမြှင့်ပွဲ ကျင်းပ

(GMT+08:00)2021-08-24 13:56:29  

၂၀၂၁ ခုနှစ် တရုတ်-လာအို မိုက်ခရိုဗီဒီယိုပြိုင်ပွဲ ဆုချီးမြှင့်ပွဲ ကျင်းပ_fororder___172.100.100.3_temp_9500049_1_9500049_1_1_7df08105-6c48-4a3f-b3e0-550d18c02d90

၂၀၂၁ ခုနှစ် တရုတ်-လာအို မိုက်ခရိုဗီဒီယိုပြိုင်ပွဲ ဆုချီးမြှင့်ပွဲ ကျင်းပ_fororder___172.100.100.3_temp_9500049_1_9500049_1_1_c511f708-de8a-4c07-9dbd-412b7ff79a1c

၂၀၂၁ ခုနှစ် တရုတ်-လာအို မိုက်ခရိုဗီဒီယိုပြိုင်ပွဲ ဆုချီးမြှင့်ပွဲ ကျင်းပ_fororder___172.100.100.3_temp_9500049_1_9500049_1_1_6b32fdea-7d59-4e9f-8b6d-10ec819d93ce

၂၀၂၁ ခုနှစ် တရုတ်-လာအို မိုက်ခရိုဗီဒီယိုပြိုင်ပွဲ ဆုချီးမြှင့်ပွဲ ကျင်းပ_fororder___172.100.100.3_temp_9500049_1_9500049_1_1_a830ad1b-dcb2-4537-9449-f3695a27c3a9

၂၀၂၁ ခုနှစ် တရုတ်-လာအိုမိုက်ခရိုဗီဒီယိုပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားကို မကြာခင်က လာအိုနိုင်ငံဗီယင်ကျန်းမြို့၌ ကျင်းပခဲ့ရာ လာအိုသတင်းရေးရာ၊ ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးဝန်ကြီးဌာန ဒုဝန်ကြီးဝင်းထွန်းကိုပန်၊ လာအိုနိုင်ငံဆိုင်ရာ တရုတ်သံမှူး ချင်ချင်အပါအဝင် နှစ်နိုင်ငံအလွှာပေါင်းစုံမှ ပုဂ္ဂိုလ် ၁၀၀နီးပါး တက်ရောက်ခဲ့ကြကြောင်း၊ တရုတ်နှင့် လာအိုမှ လက်ရွေးစင် ၁၈ ဦး ဆုရရှိကြကြောင်း China Media Group မှ သတင်းအရ သိရပါသည်။

လာအိုသတင်းရေးရာ၊ ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးဝန်ကြီးဌာန ရုပ်ရှင်လုပ်ငန်း ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ကန်ပေါ်ဗန်နာဗင်က မိန့်ခွန်းပြောကြားရာတွင် ယခုနှစ် သည် တရုတ်- လာအိုသံတမန်ဆက်သွယ်မှု ထားရှိခဲ့သည့် နှစ် ၆၀ ပြည့်မြောက်နှစ် ဖြစ်သလို တရုတ်-လာအိုချစ်ကြည်ရေးနှစ်လည်း ဖြစ်ကြောင်း၊ ယခုအကြိမ် ပြိုင်ပွဲ ကျင်းပခြင်းသည် နှစ်နိုင်ငံအကြား ရုပ်ရှင်လုပ်ငန်း နယ်ပယ်တွင် ချစ်ကြည်ရေး ပူးပေါင်း ဆောင်ရွက်မှုကို အားသစ်လောင်းပေးပြီး လာအိုနိုင်ငံ၏ ရုပ်ရှင်လုပ်ငန်း ဖွံ့ဖြိုး တိုးတက်ရေးအတွက်လည်း အပြုသဘောဆောင်သော အခန်းကဏ္ဍမှ ပါဝင် ဆောင်ရွက် မည်ဖြစ်ကြောင်း ဖော်ပြခဲ့ပါသည်။