邹立莹

လွတ်လပ်သော ကုန်သွယ်ရေးစာချုပ်သစ်ဆိုင်ရာ စေ့စပ်ဆွေးနွေးရေးကို ပိုမြန်စွာ ဆောင်ရွက်နေသည်ဟု တရုတ်ကုန်သွယ်ရေးဝန်ကြီးဌာန ဆို တရုတ်ကုန်သွယ်ရေးဝန်ကြီးဌာနသည် လွတ်လပ်သော ကုန်သွယ်ရေး စာချုပ်သစ် ဆိုင်ရာ စေ့စပ်ဆွေးနွေးရေး ခြေလှမ်းကို ပိုမြန်စွာ ဆောင်ရွက်နေကြောင်း၊ ဘက်စုံမှုနှင့် တိုးတက်မှု ပစိဖိတ်သမုဒ္ဒရာဖြတ်ကျော် မိတ်ဖက်ဆက်ဆံမှု စာချုပ် (CPTPP, Comprehensive and Progressive Agreement for Trans-Pacific Partnership)ကို ပါဝင်ရန် တက်ကြွစွာ စဉ်းစားနေကြောင်း၊ တစ်ချိန်တည်းတွင် နိုင်ငံခြားကုန်သည်များ ရင်းနှီးမြှုပ်နှံရာတွင် တရားဝင်အခွင့်အရေးကို အားဖြည့် ထိန်းသိမ်းစောင့်ရှောက်ရန်အတွက် ၂၀၂၁ ခုနှစ် နိုင်ငံခြားရင်းနှီးငွေ ဝင်ရောက်ခွင့်မပေးသော နာမည်စာရင်းကို ထုတ်ပြန်ရန် မြန်မြန်ဆန်ဆန် သုတေသနပြုနေကြောင်း၊ တရုတ်ကုန်သွယ်ရေးဝန်ကြီးဌာန ဒုဝန်ကြီးက ၂၃ ရက်နေ့က တရုတ်နိုင်ငံတော်ကောင်စီပြန်ကြားရေးရုံးမှ ကျင်းပသော သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်ဟု China Media Group မှ သတင်းအရ သိရပါသည်။

(GMT+08:00)2021-08-24 13:46:24  

လွတ်လပ်သော ကုန်သွယ်ရေးစာချုပ်သစ်ဆိုင်ရာ စေ့စပ်ဆွေးနွေးရေးကို ပိုမြန်စွာ ဆောင်ရွက်နေသည်ဟု တရုတ်ကုန်သွယ်ရေးဝန်ကြီးဌာန ဆို တရုတ်ကုန်သွယ်ရေးဝန်ကြီးဌာနသည် လွတ်လပ်သော ကုန်သွယ်ရေး စာချုပ်သစ် ဆိုင်ရာ စေ့စပ်ဆွေးနွေးရေး ခြေလှမ်းကို ပိုမြန်စွာ ဆောင်ရွက်နေကြောင်း၊  ဘက်စုံမှုနှင့် တိုးတက်မှု ပစိဖိတ်သမုဒ္ဒရာဖြတ်ကျော် မိတ်ဖက်ဆက်ဆံမှု စာချုပ် (CPTPP, Comprehensive and Progressive Agreement for Trans-Pacific Partnership)ကို ပါဝင်ရန် တက်ကြွစွာ စဉ်းစားနေကြောင်း၊ တစ်ချိန်တည်းတွင် နိုင်ငံခြားကုန်သည်များ ရင်းနှီးမြှုပ်နှံရာတွင် တရားဝင်အခွင့်အရေးကို အားဖြည့် ထိန်းသိမ်းစောင့်ရှောက်ရန်အတွက် ၂၀၂၁ ခုနှစ် နိုင်ငံခြားရင်းနှီးငွေ ဝင်ရောက်ခွင့်မပေးသော နာမည်စာရင်းကို ထုတ်ပြန်ရန် မြန်မြန်ဆန်ဆန် သုတေသနပြုနေကြောင်း၊ တရုတ်ကုန်သွယ်ရေးဝန်ကြီးဌာန ဒုဝန်ကြီးက ၂၃ ရက်နေ့က တရုတ်နိုင်ငံတော်ကောင်စီပြန်ကြားရေးရုံးမှ ကျင်းပသော သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်ဟု China Media Group မှ သတင်းအရ သိရပါသည်။_fororder_1629724722466_600_768x576

ဒေသစံတော်ချိန် သြဂုတ်လ ၂၃ ရက် နံနက် ၁ နာရီခွဲတွင် မြန်မာနိုင်ငံ စစ်ကိုင်းတိုင်း ဒေသကြီးရှိ လမ်းဖြတ်သန်းခ ကောက်ခံသည့် နေရာ တစ်ခုနှင့် သက်ဆိုင်ရာ ဝန်ထမ်းအိမ်ရာတို့ မီးရှို့ခံခဲ့ရကြောင်း၊ toll gate၊ ဝန်ထမ်းအိမ်ရာ နှင့် အနီးတဝိုက်၌ ရပ်နေသော မော်တော်ကားများလည်း မီးရှို့ခံခဲ့ရပြီး ပျက်စီးသွားခဲ့ကာ toll gate မန်နေဂျာတစ်ဦး မီးလောင်ကျွမ်းမှုတွင် သေဆုံးခဲ့ကြောင်း China Media Group မှ သတင်းအရ သိရပါသည်။

လက်ရှိအချိန်တွင် မြန်မာရဲဖက်သည် မီးရှို့ခံခဲ့ရသောနေရာ၌ ကျန်ရစ်သော အချက်အလက်များကို စုံစမ်းစစ်ဆေးနေကြောင်း သတင်းရရှိပါသည်။