洪荃诠

သိပ္ပံပညာစိတ်ဓာတ်ဖြင့် ကိုဗစ်-၁၉ ဗိုင်းရပ်စ်အရင်းအမြစ် စုံစမ်းစစ်ဆေးရေး လုပ်ငန်းကို လုပ်ကိုင်သင့်သည်ဟု လာအို ဝန်ကြီးချုပ် ဆို

(GMT+08:00)2021-08-12 13:33:23  

သိပ္ပံပညာစိတ်ဓာတ်ဖြင့် ကိုဗစ်-၁၉ ဗိုင်းရပ်စ်အရင်းအမြစ် စုံစမ်းစစ်ဆေးရေး လုပ်ငန်းကို လုပ်ကိုင်သင့်သည်ဟု လာအို ဝန်ကြီးချုပ် ဆို_fororder_微信图片_20210812103852

ဒေသစံတော်ချိန် သြဂုတ်လ ၁၁ ရက်နေ့က တရုတ်အစိုးရမှ လာအိုနိုင်ငံသို့ ပံ့ပိုးသော ပဉ္စမအသုတ် ကိုဗစ်-၁၉ ကာကွယ်ဆေး လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို လာအိုနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနတွင် ကျင်းပခဲ့ပါသည်။ 
လာအိုနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးကျန်ဇိုက်တုံသည် လာအို ဝန်ကြီးချုပ် Phankham Viphavanh သို့ ကိုဗစ်-၁၉ ကာကွယ်ဆေးကို လွှဲပြောင်း ပေးအပ်ခဲ့ပါသည်။ နှစ်ဦးနှစ်ဖက်တို့သည် မိန့်ခွန်းအသီးသီး ပြောကြားသကဲ့သို့ ကိုဗစ်-၁၉ ရောဂါ တိုက်ဖျက်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု အားသစ်လောင်းပေးရေး နှင့်ပတ်သက်၍ အမြင်းချင်း ဖလှယ်ခဲ့ကြပါသည်။
ဝန်ကြီးချုပ် Phankham Viphavanh က ကိုဗစ်-၁၉ ဗိုင်းရပ်စ်အရင်းအမြစ် စုံစမ်းစစ်ဆေးရေး ပြဿနာတွင် လာအိုနိုင်ငံ၏ သဘောထားမှာ အမြဲတမ်း ရှင်းလင်း ပြတ်သားပြီး ပကတိကျမှု၊ ပွင့်လင်းမြင်သာမှု၊ သက်ညှာထောက်ထားမှု၊ သိပ္ပံပညာစိတ်ဓာတ်ဖြင့် ကိုဗစ်-၁၉ ဗိုင်းရပ်စ်အရင်းအမြစ် စုံစမ်းစစ်ဆေးရေးလုပ်ငန်းကို လုပ်ကိုင်သင့်သည်ဖြစ်ကြောင်း၊ လာအို နိုင်ငံသည် နိုင်ငံခြားရေးဝန်ကြီးဌာနမှတစ်ဆင့် ကြေညာချက်ကို ထုတ်ပြန်ပြီး ကိုဗစ်-၁၉ ဗိုင်းရပ်စ်အရင်းအမြစ် စုံစမ်းစစ်ဆေးရေးကို နိုင်ငံရေးကိစ္စဖြစ်အောင် လုပ်ဆောင်မှုကို ပြတ်ပြတ်သားသား ဆန့်ကျင်သည်ဟု ဖော်ပြခဲ့ကြောင်း ပြောကြားခဲ့ပါသည်။
ထို့အပြင် ဝန်ကြီးချုပ် Phankham Viphavanh က တရုတ်နိုင်ငံမှ ကိုဗစ်-၁၉ ဗိုင်းရပ်စ်အရင်းအမြစ် စုံစမ်းစစ်ဆေးရေးဆိုင်ရာ နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုတွင် တက်တက်ကြွကြွ ပါဝင်ခဲ့သည့် ပွင့်လင်းမြင်သာသော သဘောထားကိုလည်း ချီးကျူး ခဲ့ပါသည်။ ဝန်ကြီးချုပ် Phankham Viphavanh က လာအိုနိုင်ငံအနေဖြင့် သိပ္ပံပညာစိတ်ဓာတ်ဖြင့် တစ်ကမ္ဘာလုံးတွင် ကိုဗစ်-၁၉ ဗိုင်းရပ်စ်အရင်းအမြစ် စုံစမ်း စစ်ဆေး လေ့လာမှု ပြုလုပ်ရန် ထောက်ခံကြောင်း၊ သက်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုအတွက် အကျိုးပြုစွမ်းဆောင်လိုကြောင်း၊ နိုင်ငံတကာ အသိုင်းအဝိုင်း အနေဖြင့် ညှိနှိုင်းပူးပေါင်းဆောင်ရွက်ပြီး ကိုဗစ်-၁၉ ရောဂါတိုက်ဖျက်ရေး အခက်အခဲကို အတူတကွ ကျော်လွှားရန် မျှော်လင့်ကြောင်း ပြောကြားခဲ့ပါသည်။