邹立莹

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့သည် မန္တလေးတိုင်းဒေသကြီးတွင် လက်နက်နှင့် ခဲယမ်းမီးကျောက် အမြောက်အမြား သိမ်းဆည်းရရှိ

(GMT+08:00)2021-08-09 13:08:44  

ဒေသစံတော်ချိန် သြဂုတ်လ ၈ ရက်နေ့ နံနက် ၇ နာရီခန့်က မြန်မာနိုင်ငံ ရဲတပ်ဖွဲ့သည် မန္တလေးတိုင်းဒေသကြီးတွင် လက်နက်နှင့် ခဲယမ်းမီးကျောက် အမြောက်အမြား သိမ်းဆည်းရရှိပြီး သင်္ကာမကင်းသူ ၂ ဦးတို့ကို ဖမ်းဆီးရမိခဲ့သည်ဟု China Media Group မှ သတင်းအရ သိရသည်။

ယင်းသိမ်းဆည်းရရှိခဲ့သည့် လက်နက်နှင့် ခဲယမ်းမီးကျောက်များတွင် အမြောက်ဆန် ၈၅ လုံး၊ လက်ပစ်ဗုံးအလုံး ၈၀၊ မုန်တိုင်းရိုင်ဖယ်သေနတ် အချောင်း ၆၀နှင့် ကျည်ဆန်အတောင့် ၁၁၀၀၀ ပါဝင်သည်ဟု သတင်းအရ သိရသည်။