邹立莹

မြန်မာသို့ ခရီးလှည့်လည်ရန် စီစဉ်နေဟု မြန်မာပြဿနာဆိုင်ရာ အထူးသံတမန်ရေးရာ Erywan Yusof ပြောကြား

(GMT+08:00)2021-08-09 13:08:59  

ဘရူနိုင်းနိုင်ငံခြားရေးဝန်ကြီး Erywan Yusof က လက်ရှိအချိန်တွင် မြန်မာနိုင်ငံသို့ ခရီးလှည့်လည်ရန် စီစဉ်လျက်ရှိပြီး မိမိတို့အနေနှင့် ဇွန်လ ခရီးစဉ်နှင့် မတူညီဘဲ၊ ယခုအကြိမ် ခရီးစဉ် အတွက် ပြင်ဆင်မှုများကို ကောင်းမွန်ဆောင်ရွက်ဖို့ အာမခံပေးရန် လိုအပ်ကြောင်း ယခုလ ၇ရက်နေ့က ဘန်ဒါဆရီဘီဂါဝမ်မြို့တော်၌ သတင်းထောက်အား ထုတ်ဖော်ပြောကြားခဲ့သည်ဟု China Media Group မှ သတင်းအရ သိရသည်။

ဆက်လက်၍ Erywan က မိမိအနေနှင့် မြန်မာနိုင်ငံသို့ ထပ်လောင်းခရီး လှည့်လည်မည့် အတောအတွင်း ပိုမိုလက်တွေ့ကျသော စေ့စပ်ဆွေးနွေးမှု ကြိုးပမ်း ရှာကြံမည်ဖြစ်ကြောင်း ပြောကြားသည့်အပြင် မြန်မာ့ခရီးစဉ်တွင် ဘက်ပေါင်းစုံမှ ပုဂ္ဂိုလ်များနှင့် တွေ့ဆုံနိုင်ရန် အလွန်အရေးကြီးပါကြောင်းလည်း အလေးထား ပြောကြားခဲ့သည်ဟု သတင်းအရ သိရသည်။