邹立莹

မြန်မာအစိုးရမှ ဝယ်ယူသော ဒုတိယအသုတ် တရုတ် Sinovac ကာကွယ်ဆေး ရန်ကုန်မြို့သို့ ရောက်ရှိ

(GMT+08:00)2021-08-09 13:11:51  

ဒေသစံတော်ချိန် သြဂုတ်လ ၈ ရက်နေ့က မြန်မာအစိုးရမှ ဝယ်ယူသော ဒုတိယအသုတ် တရုတ် Sinovac ကာကွယ်ဆေး စုစုပေါင်း အလုံးရေ ၁ သန်းသည် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိပြီဖြစ်ကြောင်း China Media Group မှ သတင်းအရ သိရပါသည်။

 လက်ရှိအချိန်အထိ တရုတ်နိုင်ငံမှ မြန်မာနိုင်ငံအား ကိုဗစ်-၁၉ ကာကွယ်ဆေး စုစုပေါင်း အလုံးရေ ၄၅ သိန်းကို ဖြန့်ဖြူးပေးပြီဖြစ်ပြီး ယင်းအနက် Sinovac ကာကွယ်ဆေး အလုံးရေ ၂ သန်းသည် မြန်မာအစိုးရမှ ဝယ်ယူခြင်းဖြစ်ကြောင်း၊ ယခုရက်များတွင် တရုတ်နိုင်ငံသည် မြန်မာနိုင်ငံအား ကူးစက်ရောဂါ တိုက်ဖျက်ရန်အတွက် oxygenator စက်၊ အသက်ရှုစက်၊ အောက်ဆီဂျင်အရည်နှင့် ဆေးဝါးများ စသော ကူးစက်ရောဂါ တိုက်ဖျက်ရေး ပစ္စည်း အမြောက်အမြားကို ပို့ဆောင်ခဲ့ကြောင်း သတင်းရရှိ ပါသည်။