马宁

မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် ခန့်အပ်ခြင်းအပေါ် ထောက်ခံကြောင်း ဝမ်ယိ ဆို

(GMT+08:00)2021-08-05 10:39:48  

  ဩဂုတ်လ ၄ ရက်နေ့က တရုတ်နိုင်ငံတော်ကောင်စီဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက တရုတ်နိုင်ငံအနေဖြင့် ဘရူနိုင်းနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Erywan Yusof အား မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်အဖြစ် အာဆီယံ၏ခန့်အပ်ခြင်းအပေါ် ထောက်ခံကြောင်း၊ အထူးကိုယ်စားလှယ်သည် အာဆီယံနိုင်ငံများ၏ ဘုံမျှော်မှန်းချက်ဖြင့် အကျိုးသက်ရောက်မှု ရှိသော “အာဆီယံ နည်းလမ်း”ကို ဆောင်ရွက်ကာ မြန်မာနိုင်ငံ ရင်ဆိုင်နေရသည့် ပြဿနာများကို ဖြေရှင်းရန် ကူညီထောက်ပံ့နိုင်မည်ဟု မျှော်လင့်ယုံကြည်ကြောင်း၊ ၄င်းဖြစ်စဉ်တွင် တရုတ်နိုင်ငံအနေဖြင့် အပြုသဘောဆောင်သော အခန်းကဏ္ဍမှ ဆက်လက် ပါဝင်မည်ဖြစ်ကြောင်း ၁၁ ကြိမ်မြောက် အရှေ့အာရှ ထိပ်သီးအစည်းအဝေး နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး၌ ပြောကြားခဲ့သည်ဟု China Media Group မှ သတင်းအရ သိရပါသည်။