马宁

ဝမ်ယိသည် ၁၁ကြိမ်မြောက် အရှေ့အာရှထိပ်သီးအစည်းအဝေး နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးသို့ တက်ရောက်

(GMT+08:00)2021-08-05 16:39:41  

  သြဂုတ်လ ၄ရက်နေ့က တရုတ်နိုင်ငံတော်ကောင်စီဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိသည် ဗီဒီယိုနည်းလမ်းဖြင့် ၁၁ကြိမ်မြောက် အရှေ့အာရှထိပ်သီးအစည်းအဝေး နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးသို့ တက်ရောက်ခဲ့ကြောင်း China Media Groupမှ သတင်းအရ သိရပါသည်။

  ဝမ်ယိက လက်ရှိ ကိုဗစ်-၁၉ရောဂါအခြေအနေ ပိုမိုရှုပ်ထွေးလာပြီး စီးပွားရေးပြန်လည် ရှင်သန်စေရေးခရီး မညီမျှသေးကာ တစ်ကမ္ဘာလုံးနှင့် ဒေသတွင်းစီမံခန့်ခွဲရေးတွင် စိန်ခေါ်မှုများစွာနှင့် ရင်ဆိုင်နေရကြောင်း၊ အရှေ့အာရှထိပ်သီးအစည်းအဝေးအဖွဲ့ဝင် နိုင်ငံများအနေနှင့် သိပ္ပံနည်းကျသောစိတ်ဓါတ်ဖြင့် ကိုဗစ်-၁၉ရောဂါတိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်မှု နည်းလမ်းသစ်ကို အတူတွန်းအားပေးသင့်ကြောင်း၊ မြစိမ်းရောင် ဖွံ့ဖြိုးရေးကို တွန်းအားပေးပြီး ကိုဗစ်-၁၉ရောဂါပြီး ပြန်လည်ရှင်သန်စေရေးအတွက် ကြိုးပမ်းကြသင့်ကြောင်း၊ အာဆီယံ၏ ဗဟိုအဆင့်နေရာကို တိုးမြှင့်ပြီး နိုင်ငံတကာ တရားမျှတမှုကို ထိန်းသိမ်းရမည်ဖြစ်ကြောင်း ပြောကြားပါသည်။

  ထိပ်သီးအစည်းအဝေးတွင် ကိုဗစ်-၁၉ရောဂါတိုက်ဖျက်ရေးနှင့် စီးပွားရေး ပြန်လည် ရှင်သန်စေရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကို အာရုံစိုက် တွန်းအားပေးရန် အတွက်လည်းကောင်း၊ ကမ္ဘာတစ်ဝန်း စိန်ခေါ်မှုအမျိုးမျိုးနှင့် ထိရောက်စွာ ရင်ဆိုင်ဖြေရှင်းရန် အတွက်လည်းကောင်း တာဝန်ယူတတ်သော နိုင်ငံတစ်နိုင်ငံအနေနှင့် တရုတ်နိုင်ငံသည် ဘက်အသီးသီးတို့နှင့်အတူ အကျိုးပြုစွမ်းဆောင်မှုသစ်ကို ပြုလုပ်လိုသည်ဟု ဝမ်ယိက နိဂုံးချုပ် ပြောကြားခဲ့ပါသည်။