马宁

အမေရိကန် နိုင်ငံရေး သမား အချို့မှ “ဗိုင်းရပ်စ် အရင်းအမြစ် လိုက်ရှာခြင်း ဆိုင်ရာ အကြမ်းဖက် ဝါဒ” ကျင့်သုံးခြင်းသည် တစ်ကမ္ဘာလုံး အပေါ် ထိခိုက်နေ

(GMT+08:00)2021-08-05 10:35:46  

  အမေရိကန် အောက်လွှတ်တော် နိုင်ငံခြားရေး ကော်မရှင်မှ ရီပတ်ဘလစ်ကင် ပါတီ ထိပ်တန်း အဖွဲ့ဝင် Michael McCaulက ယခုလ ၂ရက်နေ့က အစီရင်ခံစာကို ထုတ်ပြန်ရာတွင် ကိုဗစ် ၁၉ ဗိုင်းရပ်စ်က ၂၀၁၉ခုနှစ် စက်တင်ဘာလ မတိုင်မီတွင် ဝူဟန့် ဗိုင်းရပ်စ် သုတေသနဌာနမှ ယိုစိမ့်လာခြင်း ဖြစ်သည်ကို သက်သေပြနေသည့် အထောက်အထား ရှိသည်ဟု သားပုပ်လေလွင့်ပြောဆိုကြောင်း၊ Michael McCaulထုတ်ပြန်သည့် အစီရင်ခံစာဆိုသည်မှာ စစ်မှန်သော သက်သေ အထောက်အထား လုံးဝ မရှိဘဲ လီဆယ်ပြောဆိုသည့် မုသားစကားနှင့် မှားယွင်းသော ဖြစ်ရပ်များကို အခြေခံ၍ အများယုံကြည်လက်ခံနိုင်မှုနှင့် သိပ္ပံနည်းကျခြင်းလည်း လုံးဝ မရှိကြောင်း China Media Groupက ဖော်ပြသည်။

အမေရိကန် နိုင်ငံရေး သမား အချို့မှ “ဗိုင်းရပ်စ် အရင်းအမြစ် လိုက်ရှာခြင်း ဆိုင်ရာ အကြမ်းဖက် ဝါဒ” ကျင့်သုံးခြင်းသည် တစ်ကမ္ဘာလုံး အပေါ် ထိခိုက်နေ_fororder_rp1

  ယခုနှစ် အစောပိုင်းကာလက ကမ္ဘာ့ကျန်းမာရေးအဖွဲ့-တရုတ် ပူးတွဲ စုံစမ်းလေ့လာရေးအဖွဲ့မှ အစီရင်ခံစာကို ထုတ်ပြန်ခဲ့ရာ ကိုဗစ်-၁၉ဗိုင်းရပ်စ်သည် တရုတ် စမ်းသပ်ခန်းမှ ယိုစိမ့်နိုင်ခြေ မရှိဟု ကောက်ချက်ချခဲ့ကြောင်း၊ သို့သော် အမေရိကန်မှ လူအချို့သည် တရုတ်ပြည် အပေါ် ထပ်မံ အပြစ်လွှဲချရန် အတွက် ရရာနည်းဖြင့် “စမ်းသပ်ခန်းမှ ယိုစိမ့်မှု”ပြောဆိုချက်ကို သတင်းဖြန့်နေကြောင်း၊ အမေရိကန်သည် တရုတ်ပြည်တွင် “ဒုတိယ အဆင့် ဗိုင်းရပ်စ် အရင်းအမြစ် လိုက်ရှာခြင်း”ဆိုသည်ကို ပြုလုပ်ရန် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အပေါ် အဆက်မပြတ် ဖိအားပေးပြီး ကျွမ်းကျင်မှု စိတ်ဓါတ်ကို စွဲကိုင်ထားသော သိပ္ပံပညာရှင်များကို ဖိနှိပ်မှု ပြုလုပ်ကြောင်း၊ အမေရိကန်၏ လုပ်ရပ်များသည် ကျင့်ဝတ်သိက္ခာ ဆိုင်ရာ အောက်ခြေ အခြေခံ စည်းမျဉ်းကို ချိုးဖောက်ခြင်း ဖြစ်သလို သိပ္ပံပညာနှင့် အဖြစ်မှန်ကို ကျောခိုင်းခြင်းလည်း ဖြစ်၍ တစ်ကမ္ဘာလုံးတွင် “ဗိုင်းရပ်စ် အရင်းအမြစ် လိုက်ရှာခြင်း ဆိုင်ရာ အကြမ်းဖက် ဝါဒ” ကျင့်သုံးရာ ကျရောက်ကြောင်း China Media Groupက ဖော်ပြသည်။

  ဗိုင်းရပ်စ် အရင်းအမြစ် လိုက်ရှာခြင်း ဆောင်ရွက်ရေးတွင် နိုင်ငံရေး ကြိုးကိုင်မှုကို မလုပ်သင့်ဘဲ သိပ္ပံပညာကို လေးစားရမည် ဖြစ်ကြောင်း၊ အမေရိကန်မှ “ဗိုင်းရပ်စ် အရင်းအမြစ် လိုက်ရှာခြင်း ဆိုင်ရာ အကြမ်းဖက် ဝါဒ” ကျင့်သုံးခြင်းသည် တစ်ကမ္ဘာလုံး အပေါ် ထိခိုက်နေကြောင်း China Media Groupက ဖော်ပြသည်။

  တစ်ဖက်က အမေရိကန်၏ လုပ်ရပ်များသည် ကမ္ဘာတစ်ဝန်း သိပ္ပံပညာရှင်များ၏ ကိုဗစ် ၁၉ ဗိုင်းရပ်စ် အရင်းအမြစ် လိုက်ရှာခြင်းကို အတားအဆီးဖြစ်ပြီး လူသားတို့၏ သိပ္ပံပညာ လက်နက်ဖြင့် ကိုဗစ် ၁၉ အနိုင်တိုက်ဖျက်ရေး ဖြစ်စဉ်ကို အနှောင့်အယှက်ပေးခြင်း ဖြစ်ကာ အမေရိကန် ပြည်သူများ အပါအဝင် ကမ္ဘာတစ်ဝန်း ပြည်သူများ အပေါ် တာဝန်မဲ့ခြင်းလည်း ဖြစ်ကြောင်း China Media Groupက ဖော်ပြသည်။

  နောက်တစ်ဖက် ကတော့ အမေရိကန် နိုင်ငံရေး သမား အချို့သည် ကိုဗစ် ၁၉ ဗိုင်းရပ်စ် အရင်းအမြစ်ကို တရုတ်ပြည်နှင့် အခြား အာရှနိုင်ငံများနှင့် ဆက်စပ်မှု ရှိစေရန် ကြံစည်နေကြောင်း၊ ယင်းသည် အမေရိကန် အပါအဝင် အနောက်နိုင်ငံ အချို့တွင် အာရှ အနွယ်ဖွား အပေါ် ဆန့်ကျင်ရေး စိတ်ဓါတ်ကို မြင့်တက်လာစေပြီး လူမျိုးရေး ခွဲခြားမှုနှင့် ရန်ငြိုးခြင်းကိုလည်း အရှိန်မြှင့်လာကြောင်း China Media Groupက ဖော်ပြသည်။

အမေရိကန် နိုင်ငံရေး သမား အချို့မှ “ဗိုင်းရပ်စ် အရင်းအမြစ် လိုက်ရှာခြင်း ဆိုင်ရာ အကြမ်းဖက် ဝါဒ” ကျင့်သုံးခြင်းသည် တစ်ကမ္ဘာလုံး အပေါ် ထိခိုက်နေ_fororder_rp2

  ယခုလ ၂ရက်နေ့က နိုင်ငံနှင့် ဒေသ ၁၀၀ကျော်မှ နိုင်ငံရေးပါတီ၊ လူ့ဘောင်အဖွဲ့အစည်းနှင့် တတ်သိပညာရှင်များအဖွဲ့ ၃၀၀ကျော်က ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အတွင်းရေးမှူးဌာနထံသို့ ပူးတွဲကြေညာချက်ကို တင်ပြရာတွင် လူသားတို့၏ အသက် လုံခြုံရေးနှင့် ကျန်းမာရေး အပေါ် ကိုဗစ် ၁၉မှ ဆိုးရွားသော ခြိမ်းခြောက်မှုကို ရင်ဆိုင်ရေး အတွက် နိုင်ငံတကာ မိသားစုကြီးသည် ကပ်ရောဂါ တိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်မှုကို အားဖြည့်ပြုလုပ်ရန် လိုအပ်ကြောင်း၊ ကမ္ဘာတစ်ဝန်း ကိုဗစ် ၁၉ ဗိုင်းရပ်စ် အရင်းအမြစ် လိုက်ရှာခြင်းကို ပကတိအတိုင်း တရားမျှတစွာ ပြုလုပ်ရန် ကမ္ဘာ့ကျန်းမာရေး အဖွဲ့အား ပန်ကြားကြောင်း၊ ဗိုင်းရပ်စ် အရင်းအမြစ် လိုက်ရှာခြင်းကို နိုင်ငံရေး ကိစ္စ အဖြစ် လုပ်ရန် ပြတ်သားစွာ ဆန့်ကျင်ကြောင်းလည်း ဖော်ပြသည်။ ယင်းသည် ကမ္ဘာတစ်ဝန်းမှ ပြည်သူများ၏ ဘုံပန်ကြားချက် ဖြစ်ကြောင်း၊ ကိုယ်ကျိုးစီးပွား အတွက် “ဗိုင်းရပ်စ် အရင်းအမြစ် လိုက်ရှာခြင်း ဆိုင်ရာ အကြမ်းဖက် ဝါဒ”ကို ကျင့်သုံးနေသည့် အမေရိကန် နိုင်ငံရေး သမားများသည် နိုင်ငံရေး ကြိုးကိုင်မှု ဖြစ်သည့် ယင်းမှားယွင်းသော လမ်းကြောင်းအတိုင်း ဆက်လက်လျှောက်လှမ်းပါက ကိုယ့်ရှူး ကိုယ်ပတ်ဖြစ်မည်မှာ မုချမလွဲဖြစ်ကြောင်း China Media Groupက ဖော်ပြသည်။