马宁

တရုတ်နိုင်ငံသည် ကိုဗစ်-၁၉ကာကွယ်ဆေး Belt and Road နိုင်ငံများသို့ ပို့ဆောင် ရောက်ရှိနိုင်မှုနှင့် စရိတ်ကျခံနိုင်မှုကို ဆက်လက် မြင့်တင်မည်ဟု တရုတ်ဆို

(GMT+08:00)2021-08-03 17:20:00  

  သြဂုတ်လ ၂ရက်နေ့က တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူက Belt and Road ကိုဗစ်-၁၉ကာကွယ်ဆေး ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်ဆက်ဆံရေး အဆိုပြုသည့်နိုင်ငံများသို့ ကိုဗစ်-၁၉ကာကွယ်ဆေးများအား ပံ့ပိုးပေးခြင်းနှင့်ပတ်သက်၍ သတင်းထောက်၏ မေးမြန်းချက်ကို ဖြေကြားရာတွင် ယခုနှစ် ဇွန်လက တရုတ်နိုင်ငံတော်ကောင်စီဝင်၊ နိုင်ငံခြားရေးဝန်ကြီးဝမ်ယိသည် Belt and Road အာရှနှင့်ပစိဖိတ်ဒေသ နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေး အဆင့်မြင့်အစည်းအဝေးကို ဦးစီးကျင်းပခဲ့ကြောင်း၊ ယင်းအစည်းအဝေးတွင် တရုတ်နိုင်ငံသည် နိုင်ငံ ၂၈နိုင်ငံနှင့် အတူ Belt and Roadကိုဗစ်-၁၉ကာကွယ်ဆေး ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်ဆက်ဆံရေး အဆိုပြုချက်ကို တင်ပြပြီး ကိုဗစ်-၁၉ကာကွယ်ဆေး ကူညီပံ့ပိုးရေး၊ တင်ပို့ရောင်းချရေးနှင့် ပူးပေါင်းထုတ်လုပ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ အားသစ်လောင်းပေးရန် အဆိုပြုခဲ့ကြောင်း ပြောကြားခဲ့ပါသည်။

  ပြောရေးဆိုခွင့်ရှိသူက တရုတ်နိုင်ငံအနေဖြင့် ၄င်းအဆိုပြုချက်ကို တက်တက်ကြွကြွ အကောင်အထည်ဖော်ပြီး အဆိုပြုချက်ကို ကမကထပြုသည့်နိုင်ငံများနှင့် ကိုဗစ်-၁၉ ကာကွယ်ဆေးနှင့် Bulk အလုံးရေ ၇၇၅သန်း ပံ့ပိုးပေးရန် ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီမှု ရရှိခဲ့ကြောင်း၊ လက်ရှိအချိန်တွင် ကိုဗစ်-၁၉ကာကွယ်ဆေး အလုံးရေ သန်း၃၅၀ကို ပံ့ပိုးပေးခဲ့ပြီဖြစ်ကြောင်း၊ တရုတ်လုပ်ငန်းကုမ္ပဏီများသည် အဆိုပြုချက်ကို ကမကထ ပြုသည့် နိုင်ငံ ၄နိုင်ငံနှင့် ပူးပေါင်းထုတ်လုပ်မှု စတင်ခဲ့ပြီး စိတ်ဝင်စားသော အခြားနိုင်ငံများနှင့် ပူးပေါင်းထုတ်လုပ်ရန် ဆွေးနွေးနေကြောင်း ပြောကြားခဲ့ပါသည်။

  ပြောရေးဆိုခွင့်ရှိသူက တရုတ်နိုင်ငံအနေဖြင့် Belt and Road ပူးပေါင်း ဆောင်ရွက်ရေး မိတ်ဖက်နိုင်ငံများနှင့် ဆက်လက်ကြိုးပမ်း ဆောင်ရွက်ပြီး ကိုဗစ်-၁၉ ကာကွယ်ဆေးကို တစ်ကမ္ဘာလုံးတွင် တရားမျှတစွာ ခွဲဝေပေးရေးကို တွန်းအားပေးကာ ကိုဗစ်-၁၉ကာကွယ်ဆေးအား Belt and Road နိုင်ငံနှင့် အခြားဖွံ့ဖြိုးဆဲနိုင်ငံများသို့ ပို့ဆောင်ရောက်ရှိနိုင်မှုနှင့် စရိတ်ကျခံနိုင်မှုကို ဆက်လက်မြင့်တင်မည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။