马宁

အရှေ့အာရှ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးများသို့ ဝမ်ယိ တက်ရောက်မည့်အပေါ် သတင်းထောက်၏ မေးမြန်းချက်ကို တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဖြေကြား

(GMT+08:00)2021-08-03 17:19:30  

  သြဂုတ်လ၂ရက်နေ့က တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူက တရုတ်နိုင်ငံတော်ကောင်စီဝင်၊ နိုင်ငံခြားရေးဝန်ကြီးဝမ်ယိသည် အရှေ့အာရှ ပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးများသို့ တက်ရောက်မည့် အပေါ် သတင်းထောက်၏ မေးမြန်းချက်ကိုဖြေကြားရာတွင် အာဆီယံသည် ဒေသတွင်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို ကာကွယ်ထိန်းသိမ်းပြီး ဒေသတွင်း တစ်ပြေးညီ ဖြစ်စေရေးကို တွန်းအားပေးသော အရေးကြီးအင်အားဖြစ်သည်ဟု တရုတ်နိုင်ငံအနေဖြင့် တစ်စိုက်မတ်မတ် ယူဆကြောင်း၊ အာဆီယံအသိုက်အဝန်းတည်ဆောက်ရေး၊ အရှေ့အာရှပူးပေါင်းဆောင်ရွက်ရေးတွင် အာဆီယံ၏ ဗဟိုချက်မအဆင့်နေရာနှင့် နိုင်ငံတကာနှင့် ဒေသတွင်းအရေးကိစ္စများတွင် အာဆီယံမှ ပိုမိုကြီးမားသောအခန်းကဏ္ဍမှ ပါဝင်ခြင်းတို့ကို တရုတ်နိုင်ငံအနေဖြင့် ထောက်ခံကြောင်း၊ တရုတ်နိုင်ငံသည် တရုတ်-အာဆီယံ ဆွေးနွေးမှု ဆက်ဆံရေး ထားရှိသည့် အနှစ် ၃၀ ပြည့်မြောက်နှစ်ကို အခွင့်ကောင်း အဖြစ်ယူပြီး ဒေသတွင်းနိုင်ငံများအား ပူးပေါင်းဆောင်ရွက်မှုကို ဆက်လက် အာရုံစိုက်ရန်၊ ဖွံ့ဖြိုးတိုးတက်ရေး အတူတကွရှာကြံရန်၊ စိန်ခေါ်မှုများနှင့် အတူတကွ ရင်ဆိုင်ရန်၊ ဒေသတွင်း ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် စည်ပင်သာယာရေးကို အတူတကွ ကာကွယ်ထိန်းသိမ်းရန် တွန်းအားပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

  ပြောရေးဆိုခွင့်ရှိသူက ပထမအချက်အနေနှင့် ကိုဗစ်-၁၉ရောဂါတိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်မှု နက်ရှိုင်းစေခြင်းဖြစ်ကြောင်း၊ ဒုတိယအချက်မှာ စီးပွားရေး နာလန်ပြန်ထူရေး တွန်းအားပေးခြင်း ဖြစ်ကြောင်း၊ တတိယအချက်မှာ ဆက်တိုက် ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှု တိုးချဲ့ခြင်းဖြစ်ကြောင်း၊ စတုတ္ထအချက်မှာ စစ်မှန်သော ဘက်ပေါင်းစုံဝါဒကို လက်တွေ့ဖော်ဆောင်ခြင်း ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။