马宁

“ယိဝူးမှ အာဆီယံသို့ အတူခရီးထွက်ခြင်း” နိုင်ငံတကာ လူငယ်များ လုပ်ငန်း ထူထောင်ရေး လေ့ကျင့်ပျိုးထောင်မှု စတင်

(GMT+08:00)2021-08-03 12:33:21  

  သြဂုတ်လ ၂ရက်နေ့ နံနက်ပိုင်းက တရုတ်အာဆီယံအသင်း၊ အာဆီယံအဖွဲ့ဆိုင်ရာ တရုတ်သံတမန်အဖွဲ့၊ တရုတ်-အာဆီယံစင်တာ၊ ကျဲ့ကျန်းပြည်နယ်အစိုးရ နိုင်ငံခြားရေးရာရုံးနှင့်  ယိဝူးမြို့ အစိုးရတို့ ပူးတွဲကြီးမှူးပြုလုပ်ခဲ့သော “ယိဝူးမှ အာဆီယံသို့ အတူခရီးထွက်ခြင်း”--နိုင်ငံတကာ လူငယ်များ လုပ်ငန်း ထူထောင်ရေး လေ့ကျင့်ပျိုးထောင်မှု တရားဝင် စတင်ခဲ့ကြောင်း China Media Groupမှသတင်းအရသိရပါသည်။

“ယိဝူးမှ အာဆီယံသို့ အတူခရီးထွက်ခြင်း” နိုင်ငံတကာ လူငယ်များ လုပ်ငန်း ထူထောင်ရေး လေ့ကျင့်ပျိုးထောင်မှု စတင်_fororder_徐1

  ယိဝူးမြို့တော်ဝန် ဝမ်ကျန့်က အာဆီယံအဖွဲ့သည် ယိဝူးမြို့၏ အကြီးဆုံးသော ကုန်သွယ်ရေး မိတ်ဖက်များအနက် တစ်ဖွဲ့ အပါအဝင်ဖြစ်ပြီး ယိဝူးမြို့သည် အာဆီယံအဖွဲ့ဝင်နိုင်ငံအသီးသီးနှင့် ပို့ကုန် ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှု၊ နိုင်ငံဖြတ်ကျော် အီးကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှုနှုင့် အပြန်အလှန် ဆက်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစေရန် မျှော်လင့်ပါကြောင်း၊ RCEPစာချုပ် တရားဝင်အာဏာတည်သည်နှင့်အမျှ ယိဝူးမြို့နှင့် အာဆီယံ အကြား ပူးပေါင်းဆောင်ရွက်ရန် ရှေ့အလားအလာ ပိုမိုကောင်းမွန်မည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့ပါသည်။

“ယိဝူးမှ အာဆီယံသို့ အတူခရီးထွက်ခြင်း” နိုင်ငံတကာ လူငယ်များ လုပ်ငန်း ထူထောင်ရေး လေ့ကျင့်ပျိုးထောင်မှု စတင်_fororder_徐2