马宁

ဝမ်ယိသည် အရှေ့အာရှ ပူးပေါင်းဆောင်ရွက်ရေး နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးသို့ တက်ရောက်မည်

(GMT+08:00)2021-08-03 12:32:04  

  အာဆီယံအလှည့်ကျ သဘာပတိနိုင်ငံ ဘရူနိုင်း နိုင်ငံခြားရေးဝန်ကြီးErywan၏ ဖိတ်ကြားချက်အရ တရုတ်နိုင်ငံတော်ကောင်စီဝင်၊ နိုင်ငံခြားရေးဝန်ကြီးဝမ်ယိသည် သြဂုတ်လ ၃ရက်နေ့မှ ၆ရက်နေ့အထိ ဗီဒီယိုနည်းလမ်းဖြင့် တရုတ်-အာဆီယံ(၁၀+၁) နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး၊ အာဆီယံနှင့်တရုတ်၊ဂျပန်၊တောင်ကိုရီးယား(၁၀+၃) နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး၊ အရှေ့အာရှ ထိပ်သီးအစည်းအဝေး နိုင်ငံခြားရေး ဝန်ကြီးများအစည်းအဝေးနှင့် အာဆီယံဒေသတွင်းဖိုရမ် နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးသို့ တက်ရောက်မည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေး ဆိုခွင့်ရှိသူ ဟွာချွင်းယဉ်က ၂ရက်နေ့က ထုတ်ပြန်ခဲ့ကြောင်း ဆင်ဟွာသတင်းအရ သိရပါသည်။