邹立莹

မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ကြောင့် တစ်ရက်တည်းသေဆုံးမှု ၄၀၀ နီးပါခန့်ရှိ

(GMT+08:00)2021-07-27 12:31:06  

မြန်မာနိုင်ငံ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ဇူလိုင်လ ၂၆ ရက်နေ့ညတွင် ထုတ်ပြန်သော သတင်းအရ ထိုနေ့တွင် ကိုဗစ်-၁၉ ဗိုင်းရပ်စ် တိုင်းတာစစ်ဆေးမှု ခံရသူ ၁၂၀၃၅ ဦး အနက် ကူးစက်ခံရသူ ၄၆၃၀ တွေ့ရှိပြီး ရောဂါကူးစက် အတည်ပြုမှုနှုန်းမှာ ၃၈.၄ ရာခိုင်နှုန်းရှိကာ ယခုအထိ ကူးစက်ခံရသူဦးရေ စုစုပေါင်း ၂၇၄၁၅၅ ဦး ရှိကြောင်း၊ ထိုနေ့တွင် ကိုဗစ်-၁၉ရောဂါကြောင့် သေဆုံးသူ ၃၉၆ ဦး အသစ် တိုးလာပြီး တစ်ရက်တည်း သေဆုံးမှု အများဆုံးသောနေ့ဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် ယခုအထိ သေဆုံးသူဦးရေ စုစုပေါင်း ၇၅၀၇ ဦး ရှိကြောင်း သိရပါသည်။