邹立莹

ထိုင်းနိုင်ငံရှိ စက်ရုံကြီးတစ်ခုမှ ၀န်ထမ်း ၃၄၀၀ ကျော် ကိုဗစ်-၁၉ ကူးစက်ခံရ

(GMT+08:00)2021-07-27 11:01:31  

         ယခုလ ၂၆ ရက်နေ့က ထိုင်းနိုင်ငံ Phetchabun ပြည်နယ် ကျန်းမာရေးဌာနသည် ယင်းပြည်နယ်ရှိ ကြက်သား အချောကိုင်စက်ရုံကြီးတစ်ခုတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုရလဒ်ကို ထုတ်ပြန်ကြေညာခဲ့သည်။ စက်ရုံရှိ ဝန်ထမ်း ၇၁၆၄ ဦး အနက် ၃၄၈၁ ဦး ကူးစက်ခံရပြီး ကူးစက်မှုနှုန်းသည် ၅၀ ရာခိုင်နှုန်း နီးပါး ရှိသည်။ ထိုစက်ရုံတွင် ထိုင်းဝန်ထမ်း ၃၉၁ ဦးနှင့် နိုင်ငံခြားသားဝန်ထမ်း ၃၀၉၀ ဦး ရှိသည်။ ယင်းစက်ရုံသည် အာရှ အကြီးဆုံး ကြက်သား အချောကိုင် စက်ရုံဖြစ်သည်။