洪荃诠

ပါမောက္ခ ကျန်းဝင်ဟုန်သည် အထက်မြန်မာရှိ တရုတ်ရင်းနှီးမြှုပ်နှံရေးကုမ္ပဏီနှင့် တရုတ်အနွယ်ဖွားများနှင့် ဆွေးနွေး

(GMT+08:00)2021-07-24 13:13:25  

ပါမောက္ခ ကျန်းဝင်ဟုန်သည် အထက်မြန်မာရှိ တရုတ်ရင်းနှီးမြှုပ်နှံရေးကုမ္ပဏီနှင့် တရုတ်အနွယ်ဖွားများနှင့် ဆွေးနွေး_fororder_微信图片_20210724125843

 ဇူလိုင်လ ၂၃ ရက်နေ့က မန္တလေးဆိုင်ရာ တရုတ်ကောင်စစ်ဝန်ရုံးချုပ်နှင့် ရှန်ဟိုင်းမြို့အစိုးရ နိုင်ငံခြားရေးရုံးတို့ အတူဦးစီးပြုလုပ်သော ရှန်ဟိုင်း-အထက်မြန်မာပြည် ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်ရေးအတွေ့အကြုံဆွေးနွေးပွဲကို အွန်လိုင်း ကျင်းပခဲ့သည်။ ရှန်ဟိုင်းမြို့ ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ရေး ပညာရှင် ပါမောက္ခ ကျန်းဝင်ဟုန်က လက်ရှိနိုင်ငံတကာ ကပ်ရောဂါ အခြေအနေ၊ ကိုဗစ်-၁၉ဗိုင်းရပ်စ်၏ ထူးခြားချက်၊ ကာကွယ်ရေးနှင့် ကုသရေး နည်းလမ်းတို့နှင့်ပတ်သက်၍ အသေးစိတ်ရှင်းပြပြီး အထက်မြန်မာပြည်ရှိ တရုတ်ရင်းနှီးမြှုပ်နှံရေးကုမ္ပဏီ၊ တရုတ်အနွယ်ဖွားများနှင့် အပြန်အလှန်ကူးလူးဖလှယ်ကာ မြန်မာနိုင်ငံ လက်ရှိ ကပ်ရောဂါအခြေအနေ ထူးခြားချက်ကို ရည်ရွယ်ပြီး ကိုယ့်ကိုယ်ကိုယ် ကာကွယ်ရေး၊ ကာကွယ်ဆေးထိုးနှံရေး၊ ကပ်ရောဂါ တိုက်ဖျက်ရေးပစ္စည်း ပြင်ဆင်ရေး၊ ဝန်ထမ်းများ အလှည့်ကျ တာဝန်ထမ်းဆောင်ရေး၊ ကပ်ရောဂါကာကွယ်ထိန်းချုပ်မှုဆိုင်ရာ စီမံခန့်ခွဲရေးတို့နှင့် ပတ်သက်၍ စိတ်ရှည်လက်ရှည်ဖြေကြား ညွှန်ကြားခဲ့ပါသည်။
    ကူးလူးဖလှယ်ပွဲတွင် ကောင်စစ်ဝန်ချုပ်ချင်ချင်က အထက်မြန်မာပြည်ရှိ တရုတ်ရင်းနှီးမြှုပ်နှံရေး ကုမ္ပဏီများနှင့်အတူ တရုတ်ယူနန်ပြည်နယ် ကူမင်းမြို့က မန္တလေးမြို့ကို ထောက်ပံ့ကူညီသော ယာယီဆေးရုံအတွက် ဆေးဝါးကုသရေးပစ္စည်းများကို ဝယ်ယူရန် မြန်မာကျပ်ငွေ သန်း၁၀၀ လှူဒါန်းမည်ဟု ကြေညာခဲ့ပါသည်။

ပါမောက္ခ ကျန်းဝင်ဟုန်သည် အထက်မြန်မာရှိ တရုတ်ရင်းနှီးမြှုပ်နှံရေးကုမ္ပဏီနှင့် တရုတ်အနွယ်ဖွားများနှင့် ဆွေးနွေး_fororder_微信图片_20210724125847

ပါမောက္ခ ကျန်းဝင်ဟုန်သည် အထက်မြန်မာရှိ တရုတ်ရင်းနှီးမြှုပ်နှံရေးကုမ္ပဏီနှင့် တရုတ်အနွယ်ဖွားများနှင့် ဆွေးနွေး_fororder_微信图片_20210724125853

ပါမောက္ခ ကျန်းဝင်ဟုန်သည် အထက်မြန်မာရှိ တရုတ်ရင်းနှီးမြှုပ်နှံရေးကုမ္ပဏီနှင့် တရုတ်အနွယ်ဖွားများနှင့် ဆွေးနွေး_fororder_微信图片_20210724125918