အင်ဒိုနီးရှားနိုင်ငံ ကိုဗစ်-၁၉ ကပ်ရောဂါအခြေအနေနှင့် ပတ်သက်ပြီး တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ကျောက်လိကျန်းက တရုတ်အစိုးရသည် အင်ဒိုနီးရှားနိုင်ငံအား ကာကွယ်ဆေးနှင့် အောက်စီဂျင်စက်၊ အသက်ရှူစက် စသော အရေးပေါ် ကပ်ရောဂါထိန်းချုပ်ကာကွယ်ရေးပစ္စည်းများကို ဖြန့်ဖြူး ပေးမည်ဖြစ်ကြောင်း၊ တရုတ်ပြည် ဒေသခံ၊ ကုမ္ပဏီနှင့် ကြက်ခြေနီ စသော အရပ်ဘက်အဖွဲ့အစည်းများသည်လည်း အင်ဒိုနီးရှားနိုင်ငံအား ပိုမို များပြားသော ကူညီထောက်ပံ့မှု ပေးမည် ဖြစ်ကြောင်း ၁၅ ရက်နေ့က သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်ဟုChina Media Group မှ သတင်းအရ သိရပါသည်။