邹立莹

တရုတ်-လာအို မီးရထားလမ်း ယွီ့ဆီမှ မို့ဟန်အထိ လမ်းပိုင်းစတင် စစ်ဆေးမှု လက်ခံ

(GMT+08:00)2021-07-12 14:45:00  

တရုတ်-လာအို မီးရထားလမ်း ယွီ့ရှီ-မို့ဟန် လမ်းပိုင်းကို စတင် စစ်ဆေးမှု လက်ခံ ကြောင်း China Railway Kunming Group Co.,Ltd. မှ ထုတ်ပြန်သော သတင်းအရ သိရပါသည်။ ၄င်းမှာ ယွီ့ရှီ-မို့ဟန် လမ်းပိုင်း အဓိကလုပ်ငန်း တည်ဆောက်မှုပြီးစီးပြီဖြစ်၍ ယခုနှစ် နှစ်ကုန်ပိုင်းတွင် စတင်လည်ပတ်ရန် ပိုမိုနီးကပ်လာခြင်းကို ပြဆိုနိုင်ပါသည်။

တရုတ်-လာအို မီးရထားလမ်း မြောက်ပိုင်း တရုတ်နိုင်ငံ ယူနန်ပြည်နယ် ခွန်မင်းမြို့မှ တောင်ပိုင်း လာအိုနိုင်ငံ ဗီယင်ကျန်းမြို့တော်အထိ စုစုပေါင်း အရှည်အလျားမှာ ကီလိုမီတာ ၁၀၀၀ ကျော်ရှိပြီး တရုတ်နိုင်ငံမှ Belt and Road အဆိုပြုချက်နှင့် လာအိုနိုင်ငံမှ ကုန်းပိုင်း ပိတ်ဆို့သောနိုင်ငံမှ ကုန်းပိုင်းဆက်သွယ်သောနိုင်ငံအဖြစ် ပြောင်းလဲစေသော မဟာဗျူဟာ ချိတ်ဆက်သည့် စီမံကိန်းဖြစ်ပါသည်။