邹立莹

အင်ဒိုနီးရှားတွင် ၄ ရက် ဆက်တိုက် နေ့စဉ် ကိုဗစ်-၁၉ ရောဂါအတည်ပြုသူ ၃ သောင်း ၅ထောင်ကျော် အသစ်တိုးလာ

(GMT+08:00)2021-07-12 14:14:57  

အင်ဒိုနီးရှားနိုင်ငံတော် ဘေးအန္တရာယ် ကယ်ဆယ်ရေးဌာနမှ ဇူလိုင်လ ၁၁ ရက်နေ့ ထုတ်ပြန်သော ကိုဗစ်-၁၉ ရောဂါ ဆိုင်ရာ စာရင်းအရ အင်ဒိုနီးရှားသည် လွန်ခဲ့သောနေ့နှင့် နှိုင်းယှဉ်လျှင် ရောဂါအတည်ပြုသူဦးရေ ၃၆,၁၉၇ ဦး အသစ် တိုးလာပြီး ၄ ရက် ဆက်တိုက် နေ့စဉ် ကိုဗစ်-၁၉ ရောဂါအတည်ပြုသူ ၃ သောင်း ၅ထောင်ကျော် အသစ် တိုးလာကြောင်း၊ ၁၁ ရက်နေ့ အထိ အင်ဒိုနီးရှားတွင်  ကိုဗစ်-၁၉ ရောဂါအတည်ပြုသူဦးရေစုစုပေါင်း ၂,၅၂၇,၂၀၃ ဦးရှိကာ သေဆုံးသူဦးရေ ၆၆၄၆၄ ဦးရှိကြောင်း သိရပါသည်။ အင်ဒိုနီးရှား နိုင်ငံ မြို့တော် ဂျကာတာသည် ရောဂါဖြစ်ပွားမှု အဆိုးရွားဆုံးဒေသဖြစ်ပြီး ရောဂါ အတည်ပြုသူဦးရေသည် အင်ဒိုနီးရှားပြည်နယ်အဆင့် ဒေသများတွင် အများဆုံး ဖြစ်ပါသည်။

စာရင်းအရ ဇူလိုင်လ ၁၁ ရက်နေ့အထိ အင်ဒိုနီးရှားနိုင်ငံတွင် လူပေါင်း ၃၆.၂၆၇ သန်း ကိုဗစ်-၁၉ ကာကွယ်ဆေး ၁ လုံးထက်မနည်း ထိုးနှံပြီးပြီဖြစ်ပြီး ယင်းအနက် လူပေါင်း ၁၅.၀၁၁ သန်းသည် ကာကွယ်ဆေး ၂ လုံးကို ထိုးနှံပြီးပြီဖြစ်ပါသည်။