邹立莹

ထိုင်း ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်မှု တိုးမြှင့်ဆောင်ရွက်

(GMT+08:00)2021-07-12 14:03:39  

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ဇူလိုင်လ ၁၂ ရက်နေ့ လင်းအားကြီးမှစ၍ ညမထွက်ရအမိန့်ကို ကျင့်သုံးပြီး ည ၉ နာရီမှ နောက်နေ့ နံနက် ၄ နာရီအထိ ပြည်သူများ အပြင် ထွက်လို့ မရကြောင်း၊ ဘန်ကောက်မြို့တွင်  စစ်ဆေးရေးဂိတ် ၈၈ ခု ထားရှိပြီဖြစ်ပြီး ညမထွက်ရအချိန်အတွင်း အိမ်အပြင်သို့ ထွက်ခွာသော လူနှင့်ကားများကို တင်းကျပ်စွာ စစ်ဆေးမည် ဖြစ်ကြောင်း China Media Group မှ သတင်းအရ သိရပါသည်။

ထိုင်းနိုင်ငံတော်ကျန်းမာရေးကာကွယ်ထိန်းသိမ်းရေးရုံးမှ တာဝန်ရှိသူက ဇူလိုင်လ ၁၂ ရက်နေ့မှစ၍ ဘန်ကောက်ဒေသခံတို့အတွက် ကိုဗစ်-၁၉ ဗိုင်းရပ်စ် အမြန်တိုင်းတာစစ်ဆေးရေး ဝန်ဆောင်မှုကို ဆောင်ရွက်ပေးကြောင်း ပြောကြားခဲ့သည်ဟု သတင်းအရ သိရပါသည်။