辛甜

ရှီကျင့်ဖိန်က ကွန်မြူနစ်ပါတီဝင် ဘိုးဘေးများအား အလေးအမြတ်ပြု

(GMT+08:00)2021-07-01 11:05:55  

ဇူလိုင်လ ၁ ရက်နေ့က ကျင်းပသော တရုတ်ကွန်မြူနစ်ပါတီ တည်ထောင်ခြင်း             နှစ် ၁၀၀ ပြည့် အထိမ်းအမှတ်အခမ်းအနားတွင် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူး ရှီကျင့်ဖိန်က မိန့်ခွန်းပြောကြားရာတွင် ကွန်မြူနစ် ပါတီဝင် ဘိုးဘေးများအား အလေးအမြတ်ပြုကြောင်း ဖေါ်ပြခဲ့ပါသည်။

ရှီကျင့်ဖိန်က တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီကိုယ်စား ပြည်သူ တစ်ရပ်လုံးအား လေးနက်စွာ အလေးပြုကြောင်း၊ ဟောင်ကောင်၊မကာအို၊ ထိုင်ဝမ် မွေးချင်း ပေါက်ဖော်များအား စိတ်ရင်းသန့်သန့်ဖြင့် နှုတ်ခွန်းဆက်သကြောင်း၊ တရုတ်ပြည်သူများနှင့် ခင်မင်ရင်းနှီးစွာ အတူယှဉ်တွဲနေထိုင်ကြပြီး တရုတ်တော်လှန်ရေး၊ တည်ဆောက်ရေး၊ ပြုပြင်ပြောင်းလဲရေးကို ဂရုပြုထောက်ခံကြသော နိုင်ငံအသီးသီးမှ ပြည်သူများနှင့် မိတ်ဆွေများအား စိတ်ရင်းသန့်သန့်ဖြင့် ကျေးဇူးတင်ရှိကြောင်း ဖေါ်ပြပါသည်။