宋冉

“ဇူလိုင်လ ၁ ရက်နေ့ ဂုဏ်ထူးတံဆိပ်” ရရှိသူများသည် တရုတ်ကွန်မြူနစ်ပါတီဝင်များ၏ မြင့်မြတ်သော ဂုဏ်ရည်များကို ရောင်ပြန်ထင်ဟပ်

(GMT+08:00)2021-06-29 16:25:40  

တရုတ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူး ရှီကျင့်ဖိန်က “ဇူလိုင်လ ၁ ရက်နေ့ ဂုဏ်ထူးတံဆိပ်” ရရှိသူများသည် တရုတ်ကွန်မြူနစ်ပါတီဝင်များ၏ ကြံ့ခိုင်ပြတ်သားသော ယုံကြည်ချက်ရှိခြင်း၊ ရည်မှန်းချက်များကို လက်တွေ့ဖော်ဆောင်မှုရှိခြင်း၊ အစွမ်းကုန် အားထုတ် ကြိုးပမ်းခြင်း၊ အကျိုးပြု စွမ်းဆောင်ခြင်း၊ သန့်စင်မှုရှိခြင်းနှင့် အစိုးရ အမှုတော်ကို ရိုကျိုးစွာ ထမ်းဆောင်မှုရှိခြင်း အပါအဝင် မြင့်မြတ်သော ဂုဏ်ရည်များကို အသက်ဝင်အောင် ရောင်ပြန် ထင်ဟပ်နေကြောင်း၊ ပါတီ တစ်ရပ်လုံးသည် မာ့က်စ်ဝါဒ အပေါ် ယုံကြည်ကိုးကွယ်ခြင်းနှင့် တရုတ် ထူးခြားချက်ဝိသေသ ပါရှိသော ဆိုရှယ်လစ်ဝါဒ အပေါ် ယုံကြည်ချက်ကို တစ်သက်လုံး စွဲကိုင်ထားသည့် ခံယူချက်များ အဖြစ် ထားရှိရမည် ဖြစ်ကြောင်း ပြောကြားသည်။