张晓宁

တရုတ်ပြည်သူ့သမ္မတနိုင်ငံထူထောင်ပြီးနောက် ကိုယ်ဝန်ဆောင်အမျိုးသမီးနှင့် မွေးကင်းစ ကလေး သေဆုံးမှုနှုန်း မည်မျှ လျော့နည်းသွားသနည်း

(GMT+08:00)2021-06-25 15:40:39  

တရုတ်နိုင်ငံတော်ကောင်စီ သတင်းပြန်ကြားရေးရုံးသည် ဇွန်လ ၂၄ရက်နေ့တွင် “တရုတ်ကွန်မြူနစ်ပါတီ လူ့အခွင့်အရေး လေးစားခြင်းနှင့် အာမခံပေးခြင်း ကြီးမြတ်သော လက်တွေ့ဆောင်ရွက်မှုများ” စက္ကူဖြူစာတမ်းကိုထုတ်ပြန်ခဲ့ပါသည်။

ယင်းစာတမ်းအရ ၂၀၁၉ခုနှစ်က တရုတ်နိုင်ငံတွင် ကိုယ်ဝန်ဆောင်အမျိုးသမီးနှင့် မွေးကင်းစ ကလေး သေဆုံးမှုနှုန်းမှာ ၁သိန်းလျှင် ၁၇.၈နှင့် ၁ထောင်လျှင် ၅.၆အထိသို့ ကျဆင်းသွားကြောင်း သိရပါသည်။ ယခင်က ထုတ်ပြန်ခဲ့သော “တရုတ်နိုင်ငံ၏ အမျိုးသမီးနှင့် ကလေးများ ကျန်းမာရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အစီရင်ခံစာ (၂၀၁၉)”မှ စာရင်းအရ ၁၉၄၉ခုနှစ် တရုတ်ပြည်သူ့သမ္မတနိုင်ငံကို မထူထောင်ခင် ကိုယ်ဝန်ဆောင်အမျိုးသမီး သေဆုံးမှုနှုန်းမှာ ၁သိန်းလျှင် ၁၅၀၀ ရှိပြီး မွေးကင်းစကလေး သေဆုံးမှုနှုန်းမှာ ၁ထောင်လျှင် ၂၀၀ ရှိပါသည်။