ဒေသစံတော်ချိန် ဇွန်လ၁၉ရက်နေ့က အနောက် အာဖရိကနိုင်ငံများ စီးပွားရေး အသိုက်အဝန်း ၁၅နိုင်ငံ ထိပ်သီးအစည်းအဝေးတွင် ၂၀၂၇ခုနှစ်၌ တစ်မျိုးတည်းသော ငွေကြေးကို စတင်ထုတ်ရန် ဆုံးဖြတ်လိုက်ပါသည်။
အနောက် အာဖရိကနိုင်ငံများ စီးပွားရေး အသိုက်အဝန်း ဥက္ကဋ္ဌ Jean-Claude Brou က ၂၀၂၇ခုနှစ်၌ တစ်မျိုးတည်းသောငွေကြေး ထုတ်ရန် လမ်းပြမြေပုံကို အက်ကရာမြို့၌ ကျင်းပသော ထိပ်သီးအစည်းအဝေးတွင် နိုင်ငံ၁၅နိုင်ငံမှ အကြီးအကဲများက ခွင့်ပြုခဲ့ကြကြောင်း၊ တစ်မျိုးတည်းသောငွေကြေး ထုတ်ရန်ရည်ရွယ်ချက်မှာ ဒေသတွင်း ကုန်သွယ်ရေးနှင့် စီးပွားရေးတိုးတက်စေရန်ဖြစ်ကြောင်း သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ပါသည်။ အနောက်အာဖရိကနိုင်ငံများ စီးပွားရေးအသိုက်အဝန်းသည် ၂၀၂၀ပြည့်နှစ်မှ ၂၀၂၁ခုနှစ်အတွင်း တစ်မျိုးတည်းသောငွေကြေး ထုတ်ရန် စီစဉ်ခဲ့ သော်လည်း ကိုဗစ်-၁၉ကပ်ရောဂါကြောင့် ရွှေ့ဆိုင်းခဲ့ရပါသည်။