邹立莹

မြန်မာနိုင်ငံ မွန်ပြည်နယ်ရှိ ရဲတစ်ဦး ပစ်ခတ်မှုခံရပြီး သေဆုံး

(GMT+08:00)2021-06-15 12:44:42  

ဒေသစံတော်ချိန် ဇွန်လ ၁၄ ရက်နေ့တွင် မြန်မာနိုင်ငံ၊ မွန်ပြည်နယ် ကျိုက်ထီးရိုး မြို့နယ်မှ ရဲတစ်ဦးသည် သေနတ်ပစ်ခတ်မှုခံရသောကြောင့် သေဆုံးပြီး ၂ ဦး ဒဏ်ရာရရှိခဲ့ပါသည်။ လက်ရှိအချိန်တွင် ရဲများသည် ပစ်ခတ်မှုဖြစ်ပွားသည့်နေရာသို့ ရောက်ရှိနေကြပြီး ယင်းနေရာကို ပိတ်ပစ်လိုက်ပြီး ၄င်းပစ်ခတ်မှုကို စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေပါသည်။

မြန်မာနိုင်ငံတွင် ယခုတလော ရဲများကို ဦးတည်ရည်ရွယ်တိုက်ခိုက်သော  သေနတ်ပစ်ခတ်မှုများ ဆက်တိုက်ဖြစ်ပွားနေသည့်အပြင် အချို့ဒေသများတွင် ရပ်ကွက် အုပ်ချုပ်ရေးမှူးများနှင့် အချို့ နိုင်ငံရေးပါတီဝင်များကို သေနတ်ပစ်ခတ်မှုများသည် အဓိက ပစ်မှတ်များ ဖြစ်လာပါသည်။