马宁

တရုတ်-အာဆီယံဆွေးနွေးဖက် ဆက်ဆံမှုထားရှိသည့် နှစ် ၃၀ ပြည့် အထိမ်းအမှတ် နိုင်ငံခြားရေးဝန်ကြီးများ အထူးအစည်းအဝေးသို့ ဝမ်ယိ တက်ရောက်

(GMT+08:00)2021-06-08 15:15:10  

  ဇွန်လ ၇ ရက်နေ့က တရုတ်-အာဆီယံဆွေးနွေးဖက် ဆက်ဆံမှုထားရှိသည့် နှစ် ၃၀ ပြည့် အထိမ်းအမှတ် နိုင်ငံခြားရေးဝန်ကြီးများအထူးအစည်းအဝေးကို တရုတ်နိုင်ငံ ချုံချင့်မြို့၌ ကျင်းပခဲ့ကြောင်း၊ တရုတ်နိုင်ငံတော်ကောင်စီဝင်၊ နိုင်ငံခြားရေးဝန်ကြီးဝမ်ယိနှင့် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးလိုဆင်တို့က ဦးစီးကျင်းပခြင်းဖြစ်ပြီး အာဆီယံအဖွဲ့ဝင် နိုင်ငံများမှ နိုင်ငံခြားရေးဝန်ကြီးများနှင့် အာဆီယံအတွင်းရေးမှူးချုပ်တို့ တက်ရောက် ကြကြောင်း China Media Groupမှ သတင်းအရသိရပါသည်။

  ဝမ်ယိက တရုတ်နှင့်အာဆီယံတို့သည် လာမည့် နှစ် ၃၀အတွင်း အရည်အချင်းပိုမို မြင့်မားသော နှစ်ဖက် မဟာဗျူဟာ မိတ်ဖက် ဆက်ဆံမှုထားရှိပြီး ပိုမို နွေးထွေးသော ကံကြမ္မာ အသိုက်အဝန်း အတူတည်ဆောက်ရေးကို အလေးထားသင့်ကြောင်း၊ တရုတ်ပြည်သည် အဆိုပြုချက် ၆ ရပ်ကို တင်ပြလိုကြောင်း၊ ယင်းသည် ကိုဗစ်-၁၉ ရောဂါတိုက်ဖျက်ရေး ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစေခြင်း၊ စီးပွားရေး နာလန်ပြန်ထူရေးကို တွန်းအားပေးခြင်း၊ နှစ်ဖက်ဆက်ဆံမှုကို မြှင့်တင်ခြင်း၊ တောင်ပင်လယ် စီမံခန့်ခွဲမှု မူဝါဒကို အမြန်ဆုံးရရှိရန် တွန်းအားပေးခြင်း၊ ဘက်ပေါင်းစုံမူဝါဒကို စွဲစွဲမြဲမြဲ ထိန်းသိမ်း စောင့်ရှောက်ခြင်း၊ အာရှတန်ဖိုးအမြင်ကို ထွန်းကားစေခြင်း ဖြစ်ကြောင်း ဖော်ပြပါသည်။