马宁

ဝမ်ယိသည် မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နှင့် တွေ့ဆုံ

(GMT+08:00)2021-06-08 21:46:48  

ဝမ်ယိသည် မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နှင့် တွေ့ဆုံ_fororder_会见

တရုတ်နိုင်ငံတော်ကောင်စီဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိသည် မြန်မာနိုင်ငံခြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်နှင့် တွေ့ဆုံ

ဇွန်လ၈ရက်နေ့က တရုတ်နိုင်ငံတော်ကောင်စီဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ သည် ချုံချင့်မြို့တွင် တရုတ်နိုင်ငံသို့ လာရောက်လည်ပတ်သော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင် နှင့် တွေ့ဆုံခဲ့ပါသည်။

ထိုသို့တွေ့ဆုံရာတွင် ဝမ်ယိ က ယနေ့သည် တရုတ်-မြန်မာနှစ်နိုင်ငံသံတမန် ဆက်ဆံရေး ထားရှိသည့် ၇၁နှစ်မြောက် အထိမ်းအမှတ်နေ့ဖြစ်ကြောင်း၊ လွန်ခဲ့သည့်၇၁နှစ် အတွင်း တရုတ်-မြန်မာနှစ်နိုင်ငံပြည်သူများသည် တစ်လှေတည်းစီး၊တစ်ခရီးတည်းသွား၊ အပြန်အလှန်ကူညီဖေးမပြီး နှစ်ပေါင်းထောင်နှင့်ချီသော ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေးကို လက်ဆင့်ကမ်းပြီး ဖွံ့ဖြိုးတိုးတက်လာခဲ့ကြကြောင်း၊ မြန်မာနိုင်ငံ၏ပြည်တွင်းပြည်ပ အခြေအနေ မည်သို့ ပြောင်းလဲသည်ဖြစ်စေ တရုတ်နိုင်ငံမှ မြန်မာနိုင်ငံအပေါ် ကျင့်သုံးနေသော ချစ်ကြည်ရေးမူဝါဒကို ပြောင်းလဲမည် မဟုတ်ဘဲ မြန်မာပြည်သူတစ်ရပ်လုံးအား ရှေးရှုခြင်း ဖြစ်ကြောင်း၊ အတိတ်၊ ပစ္စုပ္ပန်နှင့် အနာဂတ်တွင် တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံအား မိမိနိုင်ငံ၏အခြေအနေနှင့် ကိုက်ညီသော ဖွံ့ဖြိုးတိုးတက်ရေး လမ်းကြောင်းကို ကိုယ်တိုင်ရွေးချယ်ရန် ထောက်ခံကြောင်း၊ တရုတ်-မြန်မာ နှစ်နိုင်ငံမှ အတူတကွ အဆိုပြုခဲ့သည့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူကြီး၅ရပ်၏ လမ်းညွှန်မှုအတိုင်း တရုတ်-မြန်မာ အေးအတူပူအမျှ အသိုက်အဝန်း တည်ဆောက်ရေး အဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ပြီး နှစ်နိုင်ငံနှင့် နှစ်နိုင်ငံပြည်သူများအား အကျိုးပြု စွမ်းဆောင်ကာ ဒေသတွင်းငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို ကာကွယ် ထိန်းသိမ်းရန် မြန်မာနိုင်ငံနှင့်အတူ ကြိုးပမ်းဆောင်ရွက်လိုကြောင်း ပြောကြားခဲ့ပါသည်။

ဝမ်ယိသည် မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နှင့် တွေ့ဆုံ_fororder_会见2

ဝမ်ယိက မြန်မာနိုင်ငံဘက်အသီးသီးတို့အား ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဥပဒေ မူဘောင်အောက်တွင် နိုင်ငံရေးဆွေးနွေးပွဲကျင်းပခြင်းဖြင့် သဘောကွဲလွဲမှုကို အလျင်အမြန် ကိုင်တွယ်ဖြေရှင်းရန်၊ အာဆီယံနှင့်ရရှိခဲ့သည့် သဘောတူညီချက် ၅ချက်ကို အကောင် အထည်ဖော်ရန်၊ အကြမ်းဖက်တိုက်ခိုက်မှုများ ထပ်မံ မဖြစ်ပွားစေရန်၊ နိုင်ငံတော်နှင့် လူမှုရေး တည်ငြိမ်မှု အလျင်အမြန် ပြန်လည်ရရှိရန်၊ ပြည်တွင်း ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်ကို ပြန်လည်စတင်ရန် တရုတ်နိုင်ငံအနေဖြင့် ထောက်ခံကြောင်း၊ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ ကိုဗစ်-၁၉ကပ်ရောဂါတိုက်ဖျက်ရေးလုပ်ငန်းကို ဆက်လက် ထောက်ခံမည်ဖြစ်ကြောင်း၊ ကိုဗစ်-၁၉ကာကွယ်ဆေးနှင့် ဆေးဝါးပစ္စည်းများကို ပံ့ပိုးပြီး မြန်မာပြည်သူများ၏ ကျန်းမာရေး စောင့်ရှောက်ရန် အကူအညီပေးကာ နယ်စပ်ဒေသတွင် ကပ်ရောဂါ ပူးတွဲကာကွယ်ထိန်းချုပ်မှုကို မြန်မာနိုင်ငံနှင့်အတူ အားသစ်လောင်း ပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင် က မြန်မာနိုင်ငံ၏ပြည်တွင်းအခြေအနေကို မိတ်ဆက်ပြီး မြန်မာနိုင်ငံအနေဖြင့် နိုင်ငံတော်တည်ငြိမ်ရေးနှင့် လူမှုရေး အေးချမ်းရေးတို့ကို ကာကွယ်ထိန်းသိမ်းရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း ပြောကြား ခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင် က မြန်မာနိုင်ငံ၏ကိုဗစ်-၁၉ကပ်ရောဂါ တိုက်ဖျက်ရေးအတွက် တရုတ်နိုင်ငံမှ အကူအညီပေးမှုအပေါ် ကျေးဇူးတင်ရှိကြောင်း၊ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ မိတ်ကောင်းဆွေကောင်း၊ အိမ်နီးချင်းကောင်းဖြစ်လျက်ရှိ ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် မြန်မာ-တရုတ်ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေးကို ဦးလည်မသုန်နက်ရှိုင်းစေမည်ဖြစ်ကြောင်း၊ ကိုဗစ်-၁၉ကပ်ရောဂါကို လက်တွဲတိုက်ဖျက်ရန်၊ ပူးပေါင်းဆောင်ရွက်မှု နက်ရှိုင်းစေရန်၊ မြန်မာ-တရုတ်အေးအတူပူအမျှအသိုက်အဝန်း အကောင်အထည်ဖော်ရန် တရုတ်နိုင်ငံနှင့် ဆက်လက်ကြိုးပမ်းဆောင်ရွက်လိုကြောင်း၊ အာဆီယံအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံအဖြစ် မြန်မာနိုင်ငံသည် အာဆီယံ-တရုတ်ဆက်ဆံရေး မြှင့်တင်ရန်၊ လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှု အရည်အသွေးနှင့်အဆင့်အတန်း မြှင့်တင်ရန် ထောက်ခံကြောင်း၊ ဘက်အသီးသီးတို့နှင့်အတူ ယင်းအတွက် တက်တက် ကြွကြွ ကြိုးပမ်းဆောင်ရွက်မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။